The Latest
စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦးသေဆုံး၊ ၁ ဦးပြင်းထန်ဒဏ်ရာရ
တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ပြင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွါး
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပခုက္ကူမြို့နယ် ကမ္မမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ
မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဘီလင်းမြို့နယ် ဖိုးဝသိမ်းရွာကို မဝင်ရောက်ခင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သား ၂ ဦးသေဆုံး၊ ဝင်ရောက်ပြီးနောက် ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးသတ်ဖြတ်
မွန်ပြည်နယ် ဘီလင်းမြို့နယ် ဖိုးဝသိမ်းရွာကို မဝင်ရောက်ခင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေက ဦးဇင်းတစ်ပါးနဲ့ အရပ်သား ၃ ဦးထိမှန်သေဆုံး
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေက ဦးဇင်းတစ်ပါးနဲ့ အရပ်သား ၃ ဦးထိမှန်သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်ဒေသ ကွမ်းလုံမှာ လျှပ်စစ်ဓာတ်အားပေးဝေမှု အဆင့်မြှင့်တင်ဖို့ လျှပ်စစ်မီး ယာယီဖြတ်တောက်မယ်
ကိုးကန့်တပ်-MNTJP/MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ပေးဝေမှုစနစ်ကို မြင့်တင်ဖို့နဲ့ ဒေသအတွင်း လျှပ်စစ်မီး ပုံမှန်ရရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် လျှပ်စစ်မီးကို ယာယီဖြတ်တောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Junta Troops at Mogok Hospital Attacked by Drones
Resistance forces carried out a drone bombing attack on the junta’s military troops stationed inside Mogok Hospital, in Mogok, a township in Mandalay Region which recently returned to junta control following intervention by China, ground sources told Shwe Phee Myay.