ကူမင်းမှာ စစ်ကောင်စီနဲ့ TNLA ဆွေးနွေးနေချိန် နောင်ချိုမှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေ
တရုတ်ရဲ့ စီစဥ်ပေးမှုနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ ဆွေးနွေးနေချိန် နောင်ချိုမြို့နယ်မှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။