မိရိုးဖလာ ကြေစာစက္ကူလုပ်ငန်းနဲ့ ဝက်မွေးမြူရေး အလုပ်ဖြစ်နေ

ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု နားခိုလျှံရွာမှာ မိရိုးဖလာ ကြေစာခေါ် မှင်ခံစက္ကူလုပ်ငန်း အလုပ်ဖြစ်နေတယ်လို့ လုပ်ကိုင်သူတစ်ဦးဆီက သိရပါတယ်။

နမ္မတူ ပန်လုံဒေသမှာ ရေ သွယ်တန်းဖို့ အခက်အခဲ ကြုံနေ၊ အဝီစိ မတူးနိုင်သူတွေ ရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့နေရာကနေ ရေ သွားခပ်နေရ

ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံဒေသမှာ နေထိုင်သူတွေဟာ သောက်သုံးရေ သွယ်တန်းဖို့အတွက် အခက်အခဲ ကြုံနေရပြီး အဝီစိ မတူးနိုင်သူတွေဟာ ရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့နေရာကနေ ရေ သွားခပ်နေကြရပါတယ်။

ရွာငံမြို့နယ် မင်းပလောင်ရွာက စစ်ရှောင်တွေ အရေပြားရောဂါ ခံစားနေရ

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် မင်းပလောင်ရွာက စစ်ရှောင်တွေ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အရေပြားရောဂါ ခံစားနေရတယ်လို့ ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်ဦး- DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရွှေဖီမြေကို ပြောပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ဖြစ်ပွား၊ စစ်တပ်က မြေပြင်ကပါ ထိုးစစ်ဆင်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ‌ နေ့စဉ် ဖြစ်ပွားနေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုင်းရယ်မြို့နယ် မိုင်းဟဒေသက ကျားဖြန့်ရုံတစ်ခုကို ဝင်ရောက်စီးနင်းချိန် ပစ်ခတ်မှုဖြစ်လို့ ၁၀ ဦး သေဆုံး

ရှမ်းမြောက် မိုင်းရယ်မြို့နယ် မိုင်းဟဒေသက ကျားဖြန့်ရုံတစ်ခုကို ဝင်ရောက်စီးနင်းချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ မိုင်းဟဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တအာင်းထီဆု ပေါက်

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန- MoD ရဲ့ ဝန်ကြီး ဦးရည်မွန်ဟာ တအာင်းပညာရေးထီဆု ပေါက်ခဲ့ပါတယ်။

အပတ်စဉ် စနေနေ့တိုင်းမှာ တအာင်းဘာသာနဲ့ ထုတ်လွှင့်တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။

ဒီတစ်ပတ်အတွက် သတင်းတွေကတော့ ~ ၅ နှစ်အောက် ကလေးငယ်၊ ကလေးမိခင်နဲ့ ကိုယ်ဝန်ဆောင် မိခင်အတွက် အရေးပေါ် ဆေးရုံတက်ဖို့ ကုန်ကျစရိတ်တွေကို THO က ထောက်ပံ့ပေးမယ့်သတင်း

ကွတ်ခိုင်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဟူးဒဲ့ကျေးရွာက အသက် ၄၀ အရွယ် တာထွန်းဆိုင်ဟာ တောထဲ ထင်း သွားခုတ်ရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ကြောင့် တစ်လအတွင်း နိုင်ငံတစ်ဝှမ်းက အရပ်သား ၁၀၀ ကျော် သေဆုံး

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၁၀၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချို သုံးဆယ်ရွာဘက်လာတဲ့ ကားသမားနှစ်ဦး ရက် ၂၀ ကြာတဲ့အထိ ပျောက်ဆုံးနေ

ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာဘက်လာတဲ့ ကားသမားနှစ်ဦး ရက် ၂၀ ကြာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်‌က ရွှေဖီမြေကို ပြောပါတယ်။