The Latest
မူဆယ်မှာ နေအိမ်တစ်အိမ်က ပစ္စည်းတက်ခိုးဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ ဟိုနားရပ်ကွက်မှာရှိတဲ့ ရွှေစင်မင်း KTV လမ်းကြားမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့တယ်လို့ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတစ်ဦးက ပြောပါတယ်။
တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မိုင်းရယ်က ကျားဖြန် လုပ်ကိုင်သူတချို့ကို မိုင်းနောင်ဘက် နေရာပြောင်းရွှေ့၊ မိုင်းဟဒေသမှာလည်း ကျားဖြန်ရုံ ဆက်ရှိနေ
ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ မိုင်းဟပြည်သူ့စစ်က ဖွင့်လှစ်ထားတဲ့ ကျားဖြန်ရုံတွေကို စစ်ကောင်စီက စီးနင်းပြီးနောက် ကျားဖြန် လုပ်ကိုင်သူတချို့ကို ရှမ်းတောင် မိုင်းနောင်မြို့နယ်ဘက် နေရာပြောင်းရွှေ့ထားပေးတယ်လို့ သိရပါတယ်။
မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ ထွက်လာတဲ့ ယာဥ်တန်းကို ပြောက်ကျားတပ်ဖွဲ့- Royal Tiger Force နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ပဒေသာမိုင်း ၁၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တန့်ယန်းမြို့နယ်က မူးယစ်ဆေး သုံးစွဲသူကို SSPP က ဖမ်းဆီးပေမဲ့ ငွေပေးရင် ပြန်လွှတ်ပေးနေ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှ အမျိုးသားအများစုဟာ မူးယစ်ဆေး သုံးစွဲနေကြပြီး ရှမ်းတပ်မတော်- SSPP/SSA ကို တိုင်ကြားရင် လာရောက် ဖမ်းဆီးတာ ရှိပေမဲ့ ငွေပေးရင် ပြန်လွှတ်ပေးနေတယ်လို့ ဖြစ်စဥ္သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။