The Latest
လားရှိုးမြို့နယ်မှာ ရွှေတူးတဲ့ MNDAA ကို ကန့်ကွက်ဆန္ဒပြရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒေသခံတချို့ ဖမ်းဆီးခံရ
ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့်တပ် (MNDAA) ကို ကန့်ကွက်ဆန္ဒပြကြတဲ့ ဒေသခံတွေကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ လောင်းကစားကြောင့် ဘဝပျက်သူတွေ များလာတာကြောင့် လနဲ့ချီ ဖွင့်လှစ်နေတဲ့ လားရှိုး ဟက်ကာရွာအနီးက လောင်းကစားဝိုင်းကို ပိတ်သိမ်းဖို့ ဒေသခံတွေ တောင်းဆို
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ဟက်ကာရွာအနီးမှာ ဖွင့်လှစ်နေတဲ့ လောင်းကစားဝိုင်းကို ပိတ်သိမ်းပေးဖို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မုံရွာမြို့နယ် သက္ကယ်ကျင်းရွာက မီးဘေးစစ်ရှောင်ရှိရာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သက္ကယ်ကျင်းရွာက မီးဘေးစစ်ရှောင်ရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးတယ်လို့ Monywa Revolution – MR က သတင်းထုတ်ပြန်လာပါတယ်။
ဖလမ်းမြို့သို့ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၃၆ ဦး သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူအဖြစ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူးတစ်ဥဦးအပါအဝင် ၃၆ ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ရွှေဖီမြေသို့ ပြောပါတယ်။