ဓာတ်ပုံ – Local

လွေးထွေး၊ ဇွန်လ ၁၆ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ရပ်ကွက်တိုင်းက အသက်ပြည့်ပြီးသား အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာနဲ့ အတင်းခေါ်နေတယ်လို့ ပြင်ဦးလွင်ရှိ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆင့်ခေါ်စာတွေကို ဇွန်လ ၁၄ ရက်ကစပြီး လိုက်ပေးနေဖြစ်ပြီးတော့ ဇွန်လ လကုန်နောက်ဆုံး သတ်မှတ်ရေးသားထားသလို အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီးတိုင်း သတ်မှတ်ထားတဲ့ ရုံးဆီသို့ လာရောက်အကြောင်းကြားဖို့ ရေးသားထားပါတယ်။

ပြင်ဦးလွင်ရှိ အမျိုးသမီးတစ်ဦးက “ဒီမှာက စစ်မှုထမ်းခေါ်တာတို့ ဖမ်းတာတို့ကတော့ ဖြစ်နေတာ ကြာပြီ။ ဒါပေမဲ့ အမျိုးသမီး စစ်မှုထမ်းကတော့ ဒီတစ်ရက်နှစ်ရက်မှာ ခေါ်တာပေါ့။ တော်တော်များများ သတင်းပေးမထွက်ကြဘူး။ ဒီမြို့က အစိမ်းအားပေးမြို့ဆိုတော့လေ” လို့ ပြောပါတယ်။

လူငယ်အမျိုးသားတွေကို စစ်မှုထမ်း စာရင်းခေါ်တာကြောင့်နဲ့ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခေါ်နေတာကြောင့် တချို့မိသားစုက ပြောင်းရွှေ့ကြဖို့ကိုပါ ပြင်ဆင်နေကြကြောင်း ၎င်းအမျိုးသမီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကလည်း ပြင်ဦးလွင် ရပ်ကွက်ကြီး (၈) နဲ့ လက်ပန်ကုန်းရွာက လူငယ်အမျိုးသား (၇) ဦး ကိုလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းခေါ်ခဲ့ပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရှမ်းတောင်စတဲ့နေရာမှာ စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် သတ်မှတ်ထားတဲ့ လူဦးရေပြည့်ဖို့ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အပူတပြင်း နည်းမျိုးစုံနဲ့ ခေါ်ယူစုဆောင်းနေတာကို တွေ့နေရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။