ပုံစာ – မူဆယ်မြို့တွင်းတစ်နေရာက ကျားဖြန့်ရုံ

သူတော်စိန်၊ ဇွန်လ ၁၃ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် ကားလေးဝန်းအနီးရှိ ပြည်သူ့စစ်ပိုင် ကျားဖြန့်ရုံမှာ ပြည်သူ့စစ်ဖက်က ကြီးကြပ်သူနဲ့ ကျားဖြန့်နည်းပညာရှင် တရုတ်နိုင်ငံသားတို့ ခိုက်ရန်ဖြစ်ပွားပြီး တရုတ်နိုင်ငံသား နည်းပညာရှင်ဖက်က အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက် ည ၁၂ နာရီအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ တရုတ်နိုင်ငံသား နှစ်ဦးထဲမှ တစ်ဦးဟာ ဒီနေ့ ဇွန်လ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်မှာပဲ ထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ နှစ်ဦးဖြစ်သွားတယ်လို့ ကျားဖြန့်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“မှားတာက ပြည်သူ့စစ်က မှားတာ။ တရုတ်နည်းပညာရှင်တွေက သူတို့ဂျုတီပြီးလို့ နားနေတာကို ပြည်သူ့စစ်က မူးပြီး ဆဲလို့ ရန်ဖြစ်ကြတာ။ တရုတ်ဖက်က တစ်ယောက်သေတယ်။ နောက်တစ်ယောက်က ဒီမနက် ၈ နာရီ ၄၅ မိနစ်မှာ အတွင်းကြေဒဏ်ရာနဲ့ ထပ်သေတယ်”

အဲဒီ လူသေမှု ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ကျားဖြန့်ရုံပိုင်ရှင်ဖြစ်သူ ဦးအိုက်မျိုးက CID ရဲတပ်ဖွဲ့နဲ့ SB သတင်းတပ်ဖွဲ့တို့ရဲ့ အကူအညီနဲ့ အလောင်းကိုဖျောက်ဖျက်ခဲ့တယ်လို့ CID ရဲသတင်းပေးထံမှ သိရှိရပါတယ်။

မူဆယ်မြို့ထဲမှာ ကျားဖြန့်ရုံ ၁၂၉ ရုံရှိတဲ့အထဲမှာ လိုင်းကြေးပေးပြီး နောက်ထပ် ၁၄ ရုံ ထပ်တိုးဖွင့်လှစ်လိုက်တာကြောင့် စုစုပေါင်း ကျားဖြန့်ရုံ ၁၄၃ ရုံ ရှိလာတယ်လို့ ပြည်နယ်ဒန၊ ခရိုင်ဒန၊ SB၊ CID နဲ့ ခရိုင်ရဲမှူး PSO တို့ရဲ့ လိုင်းကြေးကောက်ယူတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ထပ်တိုးတဲ့ ကျားဖြန့်ရုံ (၁၄) ရုံမှာ ကောင်းမူးတုန် ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ အိမ်ရှေ့မှာ (၁) အိမ်၊ ရှေ့လမ်းကြားတွင် (၃) အိမ်၊ လက်ရှိ အုပ်ချုပ်ရေးမှူးအသစ်ရဲ့ အိမ်အနီးမှာ (၁) အိမ်၊ စွမ်စော်ရပ်ကွက် အုပ်ချုပ်ရေးရဲ့ အိမ်ရှေ့လမ်းမှာ (၃) အိမ်၊ တွင်းစတာဟိုတယ်ဘေး လမ်းကြားမှာ (၂) အိမ်နဲ့ ဟိုနားရပ်ကွက်မှာ (၄) အိမ် ထပ်တိုး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

လိုင်းကြေးမှာ အရင်ထက် သိန်း (၃၀) ပိုပေးရတာကြောင့် ကျားဖြန့်ရုံတစ်ရုံရဲ့ တစ်လနှုန်းထားမှာ သိန်း (၃၃၀) ဖြစ်သွားပြီး SB, CID, ခရိုင်ဒန, ပြည်နယ်ဒန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကို အချိုးကျပေးရတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။