ဓာတ်ပုံ – MOI

ပို့လဘား၊ ဇူလိုင် ၃ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ယာဉ်ထိန်းရဲတွေက ဒေသခံတွေဆီ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့ သိန်းသန်းချီကားကြီးကွင်းအနီးရှိ မီးပွိုင့်မှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်ထိန်းရဲတွေက အကြောင်းအမျိုးမျိုးပြပြီး ဆိုင်ကယ်တစ်စီးကို ငွေ ၈ သောင်းကနေ ၁ သိန်းနဲ့ ‌ကားတစ်စီးကို ၂ သိန်းနီးပါးတောင်းတာ ရှိတယ်လို့ မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့မထင်သလိုကောက်တယ်။ ၂ ပတ်ရှိပြီ အဲလိုတောင်းတာ။ ယာဉ်တွေမောင်းလာတာ လမ်းကြောင်းမမှန်လို့ဆိုပြီး ပြည်သူတွေဆီ တောင်းနေတာ။ အမှန်ဆို အဲလောက်က ခွင့်လွှတ်ပေးလို့ရတာပဲ။ သူတို့‌ တောင်းတဲ့ ပိုက်ဆံမပေးရင် ရုံးပို့ပေးလိုက်ရမလားဆိုပြီး ပြောတယ်။ ရုံးရောက်ရင် ဒီထပ်အများကြီးပိုပေးရမှာတဲ့။ အမှုအမျိုးမျိုးရှိတယ်။ တစ်မှုကို ၃ သောင်းနဲ့ပေးရမယ်။ လိုင်စင်မဲ့တွေ ဦးထုပ်မဆောင်းတဲ့အမှုတွေ ပေးရမှာ”လို့ ပြောပါတယ်။

အဲဒီသိန်းသန်းချီကားကြီးဂိတ်မှာရှိတဲ့ မီးပွိုင့်မှာ ယာဉ်စည်းကမ်းမလိုက်နာတဲ့သူ‌တွေကိုသာ ယာဉ်ထိန်းရဲတွေက ငွေတောင်းတာ‌ ဖြစ်တယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“မီးပွိုင့်နားမှာ သူတို့ကောက်တာရှိတယ်။ အဲဒီမီးပွိုင့်မှာ မီးနီတာကို မရပ်ဘဲ ဖြတ်နေတဲ့သူတွေကိုတော့ သူတို့တောင်းတယ်။အဲဒီမီးပွိုင့်ကလည်း အရင်က သူတို့မဖွင့်ဘူးလေ။ အခုမှသူတို့စဖွင့်တာ။ မကြည့်မိတဲ့သူက ‌ဖြတ်တာပဲလေ။ အဲလိုမျိုး စည်းကမ်းမလိုက်နာဘူးဆိုပြီး ငွေတောင်းနေတာ”လို့ ‌ဆိုပါတယ်။

ဒါ့အပြင် မူဆယ်မြို့မှာရှိတဲ့ နယ်စပ်ဂိတ်တွေမှာလည်း နယ်စပ်ဂိတ်က တာဝန်ရှိသူနဲ့ ရဲတွေက ဒေသခံတွေဆီကနေ နည်းမျိုးစုံနဲ့ မကြာခဏငွေညစ်နေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။