ဓာတ်ပုံ – SAC

မိုင်းရူပ၊ ဒီဇင်ဘာ ၂၂ ရက်

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေရဲ့ နေအိမ်အပါအဝင် ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမြို့တွေမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဘုရားဆင်းတုတော်နဲ့ MRTV စလောင်းလာရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ သီပေါနဲ့ ကျောက်မဲမြို့ကို ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ အနုပညာရှင်တချို့က လူထုတွေနဲ့ လာရောက်တွေ့ဆုံပြီး လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီတွေ့ဆုံပွဲကို စစ်ကောင်စီက ပြန်ကြားရေးနဲ့ တိုးတက်ခိုင်မာအားကောင်းတဲ့ လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး တွေ့ဆုံမှုအဖြစ် စစ်ကောင်စီက ကျင်းပခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့ကို တအာင်းတပ်မတော် TNLA က ထိန်းချုပ်စဉ် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေရဲ့ နေအိမ် ရာနဲ့ချီ ပျက်စီးခဲ့ရပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို လက်ရှိအချိန်အထိ မပြုပြင်နိုင်သေးဘူးလို့ ကျောက်မဲမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တော်တော်များများကတော့ မပြင်ဘဲနဲ့ ဒီတိုင်းထားတာများတယ်။ ငွေအင်အားမရှိတာရယ် နိုင်ငံရေး ပြန်ရှုပ်ရင် ပြန်ပျက်မှာ ကြောက်တာရယ် ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးက သီပေါမြို့မှာ မကြာမီ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့် နယ်မြေဒေသ ကောင်းကျိုးဖော်ပေးနိုင်မယ့်သူကို မဲပေးဖို့ ပြောကြားခဲ့ပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့ လူထုတွေ့ဆုံပွဲ လာရောက်ဖျော်ဖြေပေးတဲ့ အနုပညာရှင်တွေကတော့ ဆုပန်ထွာ၊ ပွင့်၊ ဆောင်းယုစံ၊ စည်သူဝင်း၊ သံသာမိုးသိမ့် စတဲ့ အနုပညာရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

တအာင်းတပ် ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။