ဓာတ်ပုံ – Telegram

​မိုင်းရူပ၊ ဇူလိုင် ၁ ရက်၊ နောင်ချို

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့အနီး မျက်ချင်းနုကျေးရွာအထိရောက်လာပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မျက်ချင်းနုကျေးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၄ မိုင်ဝန်းကျင်သာ ကွာဝေးပြီး မနေ့ ဇွန်လ ၃၀ ရက်အထိ မျက်ချင်းနုနဲ့ နောင်သြကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲတွေက နောင်သြနဲ့ ​မျက်ချင်းနုဘက်မှာ ဖြစ်နေတယ်။ စကစတွေက မျက်ချင်းနုရွာအထိ ရောက်လာပြီ” လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မျက်ချင်းနုနဲ့ နောင်သြကျေးရွာကို စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၃၀ ရက်မှာ ထိန်းချုပ်နိုင်ပြီလို့ ဝါဒဖြန့် ရေးသားဖော်ပြနေကြပါတယ်။

တအာင်းတပ်ဘက်ကတော့ ဇွန်လ ၂၇ ရက်အထိသာ နောင်ချိုတိုက်ပွဲသတင်း ထုတ်ပြန်ထားတာတွေ့ရပြီး လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်သြစတဲ့ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်အင်အားထောင်နဲ့ချီအသုံးပြုပြီး ထိုးစစ်တိုက်ခိုက်နေပြီး TNLA တပ်ဘက်ကလည်း နောင်ချိုမြို့လက်မလွတ်ရရေး ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။

နောင်ချိုမြို့အနီးက တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ပေါ်နဲ့ နောင်ချိုမြို့အနီးက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။