ဓာတ်ပုံ – Local

မိုင်းရူပ၊ ဇူလိုင် ၃ ရက်၊ နောင်ချို

မန္တလေးတိုင်း ပြင်ဦးလွင်ကနေ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီး ၄ မိုင်အကွာ ကျောက်ကြမ်းကျေးရွာအနီးအထိရောက်လာတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

အုမ္မခါးကျေးရွာက​နေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဇူလိုင် ၂ ရက်မှာ ကျောက်ကြမ်းရွာအနီးကို ရောက်ရှိလာပြီး ကျောက်ကြမ်းရွာကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

” မနေ့ စကစက ထိုးစစ်လုပ်တာ။ ကျောက်ကြမ်းနားအထိ ရောက်လာပြီ။ အဲနားမှာ တောင်ကုန်းတွေရှိတယ်။ အဲမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျောက်ကြမ်းရွာအထိတော့ မရောက်သေးဘူး” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ TNLA ဘက်က ၂ ဖက်အခိုက်အကျအဆုံးများခဲ့ပြီး စစ်ကောင်စီဘက်က ပြင်ဦးလွင်ကနေ စစ်အင်အား​တွေ ထပ်မံဖြည့်တင်းထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နောင်ချိုမြို့နယ် တောင်းခမ်းဘက်နေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကတော့ နောင်ချိုမြို့နဲ့ ၄ မိုင်ဝန်းအကွာ မျက်ချင်းနုကျေးရွာမှာ ရောက်ရှိနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့စစ်အင်အားထောင်နဲ့ချီအသုံးပြုကာ တောင်းခမ်းနဲ့ အုမ္မတီးကျေးရွာဘက်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး TNLA တပ်ဘက်ကလည်း နောင်ချိုမြို့လက်မလွတ်ရရေး ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။

TNLAနဲ့ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၆၀၆) ဒုံးတပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း-၁၁၄၊ ခမရ- ၁၁၅ တို့ကို တိုက်ခိုက်သိမ်းနိုင်ထားပြီး နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။