ရူပ်ရာင် – Telegram

မိုင်းရူပ၊ ဇွန်လ ၁၉ ရက်၊ နောင်ချို

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာဘက်ကို စစ်ကောင်စီတပ်ဘက်က စစ်ကားအစီး ၂၀ နဲ့ စစ်အင်အားတွေ ဖြည့်တင်းထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဇွန်လဒုတိယအပတ်ထဲမှာ စစ်ကောင်စီတပ်က ပြင်ဦးလွင်ကနေ အုမ္မတီးကျေးရွာဘက်ကို စစ်အင်အားတွေ ဖြည့်တင်းပြီးနောက် ဇွန်လ ၁၅ ရက်ကစပြီး အုမ္မတီးရွာထဲရှိ တအာင်းတပ် TNLA တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နေ့စဥ်လိုလို တိုက်ပွဲပြင်းထန်နေပါတယ်။

“ပြင်ဦးလွင်ကနေ တက်လာတာ ကားအစီး ၂၀ ရှိမယ်။ စစ်အင်အားက (၄၀၀) ဝန်းကျင်လောက် ရှိမယ်။ အင်အားဖြည့်ပြီးနောက်ပိုင်း အုမ္မတီးမှာ တိုက်ပွဲပိုပြင်းထန်လာတယ်။ နေ့တိုင်းလိုလိုပဲ” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကံကြီးကျေးရွာဘက်ကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ကံကြီးရွာအကျော် ရွှေညောင်ပင်ရွာအထိ ရောက်ရှိလာပြီး မနေ့ ဇွန်လ ၁၈ ရက် ညသန်းခေါင် ၁၂ နာရီဝန်းကျင်မှာလည်း ကံကြီးရွာထဲကို ဂျက်လေယာဥ်နဲ့ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

“ကံကြီးဘက်က စကစတွေ ရွှေညောင်ပင်၊ သရက်ကုန်းအထိ ရောက်လာပြီ။ TNLA ဘက်ကလည်း ဆက်လက်ခုခံနေတယ်။ နောင်ချိုထဲ စကစမရောက်အောင်တော့ TNLA က အစွမ်းကုန် ကြိုးစားနေတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီရောက်ရှိနေတဲ့ ရွှေညောင်ပင်ကျေးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၅ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းကျေးရွာနဲ့ အုမ္မတီးရွာဘက်ကို စစ်အင်အားထောင်နဲ့ချီ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နောင်ချိုမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။