ဓာတ်ပုံ – CJ

နော်ဂျား၊ ဇွန်လ ၁၆ ရက်၊ မူဆယ်

နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ အမှတ်(၂၂) မူးယစ်တပ်ဖွဲ့စုတို့က ၎င်းတို့ ဖမ်းဆီးရမိထားတဲ့ Happy Water၊ ရာမ၊ ice နဲ့ K စတဲ့ မူးယစ်ဆေးဝါးတွေကို မူဆယ်မြို့ပေါ်ရှိ SPA၊ KTV အားလုံးနဲ့ လောင်းကစားရုံကြီး၊ ရုံသေးတွေမှာ ပြန်လည်ရောင်းချပြီး ကိုယ်ကျိုးစီးပွားရှာနေကြကြောင်း စုံစမ်းသိရှိရပါတယ်။

“KTV နဲ့ လောင်းကစားရုံအားလုံးမှာ K နဲ့ ရာမရောင်းနေတာကို ရဲတွေ သိတာပဲ။ ဖမ်းမှ မဖမ်းကြတာ။ မဖမ်းတာက သူတို့ကိုယ်တိုင်က ရောင်းခိုင်းထားလို့လေ။ SB က ရဲမှူးကိုကြိုင်ဆိုရင် Kg အလိုက် ရောင်းခိုင်းတာ။ ရဲတွေ အကုန်သိတယ်” ဆိုပြီး ရဲတပ်ကြပ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စွမ်စော် (၁) လမ်း၊ (၃) လမ်းနဲ့ (၄) လမ်းတွေမှာ ဘိန်းမဲအသုံးပြုနေတဲ့ ဒေသခံတွေကို အဆိုပါ မူးယစ်အဖွဲ့က ဟန်ပြအဖြစ်သာ ဖမ်းပြပြီး လက်လီနဲ့ လက်ကားဒိုင်ကြီးတွေကိုတော့ ဖမ်းဆီးတာမျိုးမလုပ်ပဲ လိုင်းကြေးယူပြီး ရောင်းခွင့်ပြုထားကြောင်း ရဲသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“စကစ အာဏာသိမ်းပြီးတဲ့ အချိန်ကစပြီး SPA နဲ့ KTV တွေမှာ မူးယစ်ဆေးကို ပေါ်ပေါ်တင်တင် ရောင်းနေ သုံးနေကြတာ။ အထူးသဖြင့် လူငယ်တွေ K ရှူလာကြတယ်။ K ရှူပြီး အခုမြင်တဲ့အတိုင်း မိန်းကလေးတွေ ကနေကြတာ။ အင်္ကျီတောင် မကပ်တော့ဘူးလေ” ဆိုပြီး မြို့ရှောင်လမ်းက KTV မှာ သတင်းယူသူနဲ့အတူ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့ပေါ်မှာ လိုင်စင်ရ KTV နဲ့ လိုင်စင်မဲ့ KTV နှစ်ခုလုံးအတွက် လိုင်းကြေးပေးဖို့ မလိုသော်လည်း မူးယစ်ဆေးနဲ့ ပြည့်တန်ဆာလုပ်ငန်း တွဲဖွင့်ထားတဲ့ ရုံအကြီး၊ အသေးအလိုက် တစ်လကို ( ၂၅) သိန်းမှ သိန်း (၁၀၀) ထိ ပေးရကြောင်း စုံစမ်းသိရှိရပါတယ်။

မူဆယ်ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေဟာ စွမ်စော်ရပ်ကွက်၊ မင်္ဂလာမူဆယ်နဲ့ တောင်ရပ်ကွက်တွေမှာ ညဖက်သွားလာတဲ့ ကားတွေကို စစ်ဆေးကာ မူးယစ်ဆေးဝါးကို အဓိကထား ရှာဖွေကြပြီး တွေ့ရှိပါက ပစ္စည်းသိမ်းကာ လူကိုလည်း ယွမ် တစ်သောင်း (မြန်မာငွေ သိန်း (၆၀) ဝန်းကျင်) နဲ့ ယွမ်တစ်သိန်း (မြန်မာငွေ သိန်း (၆၀၀) ဝန်းကျင်) အထိ လာရွေးခိုင်းတာမျိုးလည်း ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။