ဓာတ်ပုံ – Telegram

မိုင်းရူပ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်ပြီး ငွေအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးကုတ်- ကျောက်မဲလမ်း မြို့အဝင် မိုင်းတင်းရွာအနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတင်:ကြပ်နေတာဖြစ်ပြီး ပေးမသွားဘဲ ပြန်လှည့်ခိုင်းတာ ရှိသလို ငွေသိန်းနဲ့ချီတောင်းပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်းရှိတယ်လို့ ကျောက်မဲမြို့နယ်ထဲ နေထိုင်တဲ့ တတအာင်းလူမျိုးတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာလည်း ကျောက်မဲမြို့ကနေ ဆေးဝါး တင်လာတဲ့ကားတစ်စီးကိုး မိုင်းတင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်က ငွေသိန်း ၃၀ တောင်းခံခဲ့တဲ့အပြင် ဆေးဝါးတွေကိုလည်း သိမ်းယူခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆေးကုသွားရင်တောင်တောင်ပေါ်ဒေသကဆင်းလာတဲ့လူဆို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတာရှိသလို ကံကောင်းလို့ ဖြတ်ရတဲ့အချိန်လည်း ရှိပါတယ်။ ကားဆိုရင် သိန်းချီ​ပေးရတယ်။ ဆိုင်ကယ် ၁ သောင်းဝန်းကျင်ပေးရတယ်။ ကားသမားအသိတစ်ယောက်ဆိုရင် ဆေးပစ္စည်းတွေ၊ ဖုန်းပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေတင်လာတော့ သိန်း ၃၀ ပေးရတယ်။ ဆေးတွေလည်း သိမ်းသွားတယ်” လို့ ဆိုပါတယ်။

နောက်ထပ်ကျောက်မဲ​​ဒေသခံအမျိုးသားတစ်ဦးကလည်း” ​မိုင်းတင်မရောက်ခင် ဗြုန်းတောင်မှာ စကစတွေနေတာ။ မှတ်ပုံတင်စစ်တာ။ ပလောင်ဆိုတာနဲ့ အစစ်ကြမ်းတာ။ ဆေးဖာပါရင် သိမ်းပစ်တာတွေ လုပ််နေတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့တွင်းမှာ မြို့ခံတွေအများစု ပြန်လာကြပေမယ့် တအာင်းလူမျိုးတွေကတော့ စစ်ကောင်စီတပ်ရဲ့ အဖမ်းအဆီးတွေကြောင့် တချို့သာနေရပ်ပြန်လာနိုင်တာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့တွင်းက တအာင်းတပ်မတော်- TNLA နဲ့ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး မြို့ခံတွေကို ဖမ်းဆီးတာ၊နေအိမ် ချိတ်ပိတ်တာတွေ ပြုလုပ်နေပါတယ်။

တအာင်းတပ်ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။