ဓာတ်ပုံ – Local

ရဲမာန်၊ ဇွန်လ ၁၁ ရက်၊ ရွာငံ

ပြည်သူ့များတပ်ဖွဲ့(P.S.F) တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ ဗိုလ်မီးခဲက ဖျားနာနေတဲ့ တော်လှန်ရေးရဲဘော်ကို သွားကြိုရင်း ည ၁၂နာရီ၀န်းကျင်ခန့် ရွာငံတစ်နေရာမှာ ဓားနဲ့လုပ်ကြံခံရတယ်လို့ (DSNDA)တာ၀န်ခံက ရွှေဖီမြေကို ပြောပါတယ်။

“အခြားရဲဘော်တွေပါ‌ပေမဲ့ ဆိုင်ကယ်ပျက်တော့ လူက ရှေ့နောက် အရမ်းကွာသွားတဲ့အချိန်မှာ ဖြစ်သွားတာပါ”လို့ (DSNDA)တာ၀န်ခံက ပြောပါတယ်။

ဗိုလ်မီးခဲ(PS-1001)က ပြည်သူ့သားများတပ်ဖွဲ့ရဲ့ တာ၀န်ခံတစ်ဦးဖြစ်ပြီး တာ၀န်ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တာ၀န်ထမ်းဆောင်သူ ဖြစ်တယ်လို့ (P.S.F)ကလည်း ထုတ်ပြန်ထားပါတယ်။

“‌ပြောမပြတက်‌လောက်အောင်ပါဘဲဗျာ။ တော်လှန်ရေးအတွက်တော့ သူ့လို ခေါင်းဆောင်တစ်ယောက် ပြန်ရဖို့ မလွယ်တဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမူ တစ်ခုပါဘဲ”လို့ ၎င်းကဆက်ပြောတယ်။

ပြည်သူ့များတပ်ဖွဲ့(P.S.F)ဟာ DSNDA နဲ့အတူ အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကို ပြီးခဲ့တဲ့ မတ်လအတွင်း ရှမ်းတောင် ရွာငံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့ပြီး ရွာငံထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။