ဓာတ်ပုံ – စစ်ကောင်စီ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၈ ရက်

စစ်ကောင်စီတပ်ဘက်က အတင်းအဓမ္မ စုဆောင်းတဲ့ တပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၂) ကို ဖွင့်လှစ်လိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

အပတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ အပတ်စဉ် ၁ ခုကို စစ်မှုထမ်းတပ်သား ၅၀၀၀ အထိ သတ်မှတ်ထားပြီး နိုင်ငံတဝန်းက ၎င်းတို့ ထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာရှိတဲ့ လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းပြီး စစ်သင်တန်းပေးကာ ရှေ့တန်း စစ်မြေပြင်မှာ ပို့ဆောင်နေခဲ့ပါတယ်။

စစ်ကောင်စီတပ်က တအာင်းတပ် – TNLA ထံ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့ ရှမ်းမြောက် နောင်ချိုနဲ့ ကျောက်မဲမြို့ အပါအဝင် လားရှိုး၊ တန့်ယန်းမြို့နယ်တွေမှာလည်း စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ဘက်က စတင် စုဆောင်းနေပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“ကျောက်မဲမှာ ဖေဖော်ဝါရီ ၂၂ ရက် နောက်ဆုံးထားပြီး လူစုခိုင်းထားတယ်။ လူထုတွေကတော့ စိုးရိမ်နေကြတာပေါ့” လို့ ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၂ အထိ စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၁ သိန်းကျော်အထိ ရရှိနေပြီဖြစ်ပြီး အပတ်စဉ် ၁၉ အထိ သင်တန်းဆင်းထားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြု ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။