ပုံစာ – Local

ပို့လဘား၊ ဇွန် ၂၁ ရက်၊ နောင်ချို

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်က လူပေါင်း ၁ ထောင်ကျော်ဟာ စစ်ဘေးရှောင်နေရတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့ပေါ်နဲ့ ကျေးရွာတချို့က ဒေသခံတွေဟာ တိုက်ပွဲကြောင့် ကျောက်မဲမြို့ဘက်သို့ တိမ်းရှောင်လာကြတာဖြစ်ပြီး သူတို့တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အဓိက လိုအပ်နေတာဖြစ်ပါတယ်။

“သူတို့ စားစရာကတော့ နည်းနည်းပါးပါးပေါ့။ သိတဲ့သူက နည်းနည်းထောက်ပံ့ပေးတာ ရှိတယ်။ အရင်တုန်းက ထောက်ပံ့တဲ့သူမရှိတော့ ဒုက္ခရောက်ကြတာပေါ့။ နေစရာနေရာကလည်း ဘုန်းကြီးကျောင်းက မကျွေးနိုင်တဲ့အချိန်ဆို ကိုယ့်စရိတ်နဲ့ ကိုယ်စားပေါ့။ လှူတာလည်း ဘာမှသိပ်မရှိပါဘူး။ တချို့သူတွေကလည်း အလှူခံပြီး နည်းနည်းရတာပေါ့။ ဒါပေမဲ့ အခုက လူတွေလည်း အဲလောက်ထိမလှူနိုင်တော့ဘူးလေ”ဆိုပြီး စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်တွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်မှာ ကျောက်မဲမြို့ပေါ်က တိလင်ပရိတ္တိစာသင်တိုက်၊ အဝေရာပါသကျောင်း၊ နောင်ပိန်၊ ထန်းတပင်ကျေးရွာနဲ့ လုပ်ပါဟကျေးရွာတွေဘက်ကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့တွေဟာ နောင်ချိုမြို့နယ် ကံကြီးကျေးရွာ၊ နောင်လင်ရွာ၊ သရက်ကုန်း၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ ‌တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊ နားရှိုး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနဲ့ ပါဟတ် စတဲ့ကျေးရွာက ဒေသခံတွေနဲ့ နောင်ချိုမြို့‌ပေါ်က ဒေသခံတွေဖြစ်ကြောင်း TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။