ဓာတ်ပုံ – ဒေသခံ (ပုံဟောင်း)

လွေးထွေး၊ ဇွန်လ ၁၂ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် လူသစ်စုဆောင်းနေသလို ညထွက်တဲ့ လူငယ်အမျိုးသား ၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်ကြီး (၇) နေ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဇွန်လ ၁၁ ရက် ည ၁၁ နာရီဝန်းကျင်မှာ ပြင်ဦးလွင်မြို့လယ်က နာရီစင်အနီးမှာ ညထွက်တဲ့ ရပ်ကွက်ကြီး (၈) နေ အသက် ၂၀ ကျော် အမျိုးသား ၃ ဦးနဲ့ လက်ပံကုန်းကျေးရွာက အမျိုးသား ၄ ဦးလည်း ပြင်ဦးလွင်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရပ်ကွက်ကြီး (၇) နေ အမျိုးသမီးက “ရပ်ကွက်ထဲ ပြောနေကြတာက စစ်သားစုနေတာတဲ့။ ညနောက်ကျရင် အပြင်မထွက်ကြဖို့ အချင်းချင်းက သတိပေးနေကြပေမဲ့ ယောကျာ်းလေးငယ်တွေက ထွက်တယ်။ ဒီနေ့မနက် အဲကလေးတွေက သူတို့အိမ်ကို ဖုန်းဆက်လာကြတာ။ စစ်သားလုပ်ရမှာတဲ့” လို့ ပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်တချို့မှာလည်း စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် လူစုထားဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် စစ်ကောင်စီတပ်က ပြောထားတာနဲ့ ခေါ်စာတွေ ပေးနေကြောင်း ၎င်းက ဆိုပါတယ်။

ပြင်ဦးလွင်အပြင် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့နယ်တချို့နဲ့ ရှမ်းတာင်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း စတဲ့နေရာတွေအပြင် နေပြည်တော်မှာလည်း စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် အမျိုးသမီးတွေအပါအဝင် အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ ပြုလုပ်နေတာကို တွေ့နေရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေ အသက်ဝင်ခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်အတွင်း သူတို့ ထိန်းချုပ်‌နယ်မြေက အမျိုးသား ၅ သောင်းကို စစ်မှုထမ်းအတွက် စုဆောင်းထားပြီဖြစ်ကြောင်း BBC ရဲ့ အချက်အလက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။