မိုင်းအရှိုင်း၊ ဇွန်လ ၂၉ ရက်၊ ကျောက်မဲ
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီကနေ့ နေ့လည် ၂ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောက်မဲ ဗုံးတစ်လုံးလာကြဲတာ။ ရှမ်းဘုန်းကြီးကျောင်းနားရဲ့ အပေါ်ဘက်ကိုကြဲသွားတာ”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တဲ့ နေရာဟာ ကျောက်မဲမြို့ထဲက ရပ်ကွက် ၁ က ရှမ်းဘုန်းကြီးကျောင်းအနီးတစ်ဝိုက်ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတွေတိမ်းရှောင်နေကြရသလို ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုမလုပ်ခင် TNLA က မနက် ၁၀ နာရီတုန်းက လူတွေကို အပြင်မထွက်ဖို့နဲ့ ဈေးတွေ ပိတ်ဖို့ ဆော်ဩထားတာမျိုး လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာလည်း ကျောက်မဲမြို့ ရပ်ကွက် ၄ ကို စစ်ကောစ်စီတပ်က ညသန်းခေါင်ယံမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က စံပြထမင်းဆိုင်ဗုံးကြဲတိုက်ခိုက်မှုမှာလည်း ဒေသခံ ၄ ဦး သေဆုံးပြီး ၁၄ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။