ဓာတ်ပုံ- CJ

မိုင်းရူပ၊ မတ်လ ၃၁ ရက်၊ နောင်ချို

ငလျင်ဘေးသင့်တဲ့ လူထုတွေကို နိုင်ငံတစ်ဝန်းက ကူညီကယ်ဆယ်ဖို့ ကြိုးစားနေချိန် စစ်ကောင်စီတပ်က ရှမ်းမြောက် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က သတင်းထုတ်ပြန်လာပါတယ်။

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၁၀ နာရီ ၁၀ မိနစ်မှာ စစ်တပ်က TNLA ထိန်းချုပ်ထားတဲ့ ကျောက်ကြမ်းရွာကို ဒရုန်း အသုံးပြုပြီး ၁၂၀ မမ ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၁၀ နာရီလောက်မှာ ဒရုန်းနဲ့ လာကြဲတာဟုတ်တယ်။ ကျောက်ကြမ်းကျေးရွာထဲမှာ ကျတာ။ လူထိခိုက်တာတော့ မရှိဘူး”

ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးရွာဘက်မှာ မြေပြင်တိုက်ပွဲ ငြိမ်နေပေမဲ့ စစ်တပ်ဘက်က ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာ ဆက်လုပ်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် လူထုတွေ စိတ်သောက ရောက်နေချိန် လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု နေ့စဥ်လိုလို ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်ကလည်း ငလျင် လှုပ်ခတ်နေချိန်အတွင်း နောင်ချိုမြို့နယ် နောင်လင်ရွာထဲ စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဓနုတပ်- DPLA ရဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ မတ်လ ၃၁ ရက် မနက်ပိုင်းမှာလည်း မကွေးတိုင်း စလင်းမြို့နယ်ထဲ စစ်တပ်က လေကြောင်းနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။