ဓာတ်ပုံ – Local

စက်တင်ဘာ ၂၉ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်က ကျောက်မဲမြို့ဘက်ကို ထိုးစစ်ဆင်နေချိန် တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီးမှာရှိနေတဲ့ မိုင်းတင်းကျေးရွာထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က ရွာခံတွေကိုအစည်းအဝေးခေါ်ပြီးနောက် ရွာထဲရှိ TNLA ကို ​ကျေးရွာထဲမနေဖို့ ရွာခံတွေ ဆန္ဒပြခဲ့ကြတယ်လို့ စုံစမ်းသိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်နေ့ မနက်ပိုင်းက မိုင်းတင်းကျေးရွာထဲမှာ SSPP ကရွာခံတွေကို အစည်းအဝေးခေါ်ပြီး မိုင်းတင်းရွာအဝင်အထွက်ကို ပိတ်ဆို့ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပြုလုပ်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၈ ရက် နေ့လည်ပိုင်း အချိန်ကစပြီး မိုင်းတင်းရွာခံ ၆၀ ဝန်းကျင်ဟာ TNLA ကို ကျေးရွာအနီး ဂိတ်မချဖို့ ဆန္ဒပြခဲ့ကြတယ်လို့ TNLA နဲ့ နီးစပ်တဲ့ သတင်းရက်းမြစ်ဆီကနေ သိရပါတယ်။

“SSPP စစ်သားတွေနဲ့ ပြည်သူလူထု အယောက် ၆၀ လောက်က ပိန်းခါးဂိတ်ကို ဖျက်ဆီးပစ်လိုက်တာ။ TNLA ကို ရွာထဲမနေရဘူးဆိုပြီးတော့ ဂိတ်ဖျက်ဆီးပစ်လိုက်တယ်။ TNLA ထွက်မသွားသေးတော့ SSPP ဖက်က စစ်အင်အားဖြည့်ပြီးတော့ TNLA ကို ဝိုင်းလိုက်တယ်။ အထက်လူကြီးက ပြည်သူလူထုတွေလည်း ပါတယ်ဆိုပြီးတော့ ပိန်းခါးစခန်းကနေ ထွက်ခွာခိုင်းတာ”

မနေ့ စက်တင်ဘာ နေ့လည် ၁၁ နာရီအချိန်မှာ အထက်လူကြီး အမိန့်ပေးမှုနဲ့ TNLA က စခန်းကနေ ပြန်လည်ထွက်ခွာသွားခဲ့ရတယ်လို့ နီးစပ်သူဆီကနေ သိရပါတယ်။

“ကျနော်တို့ဖက်က သူတို့နဲ့ တွေ့ဆုံဖို့ ဆွေးနွေးဖို့ပေါ့ ပြောတယ်။ အဲဒါကိုတော့ သူတို့ဘက်က ဘယ်လိုမှ လက်မခံခဲ့ဘူး”လို့ ဆိုပါတယ်။

TNLA ဂိတ်ကို ဖျက်ဆီးလိုက်တာဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကနေ လွတ်ဖို့ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူအချို့က ပြောပါတယ်။

ကျောက်မဲနယ်အပြင် TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့ မြို့ဘက်ကိုလည်း SSPP တပ်က ဝမ်ဟိုင်းကနေ အင်အားဖြည့်တင်းလျက်ရှိနေပြီး TNLA အပါ ပြည်သူတွေရဲ့ သွားလာမှုတွေကို တင်းကြပ်ကန့်သတ်လာတာမျိုးတွေရှိနေတယ်လို့ TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

မြေပြင်က ရရှိတဲ့သတင်းအချက်အလက်ကို အတည်ပြုနိုင်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုကို ရွှေဖီမြေအနေနဲ့ ဆက်သွယ်ခဲ့ပေမဲ့ စက်ပိတ်ထားပြီး ဗိုလ်မှူးကြီး နော်လိတ်ကို ဆက်သွယ်ရာမှာ အခမ်းအနားပြုလုပ်နေတာ​ကြောင့် ရွှေဖီမြေကို ပြန်လည်ဆက်သွယ်မယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့အနီးကို ရောက်ရှိလာပြီး တိုက်ပွဲတွေဆက်ဖြစ်နေသလို ကျောက်မဲမြို့ထဲကို ဝင်ရောက်ဖို့ စစ်ကြောင်း ၂ကြောင်းခွဲပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။