ဓာတ်ပုံ – Local

ပို့လဘား၊ ဇူလိုင် ၂၅ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ မနေ့ ဇူလိုင် ၂၄ရက်နေ့ အမျိုးသမီး ၂ ဦး ပစ်သတ်ခံရမှုမှာ အဲအမျိုးသမီး၂ဦးနဲ့ အမျိုးသား ၂ဦးတို့ကြား သေနတ်နဲ့အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

မူဆယ်မြို့ ဟူမွန်ရပ်ကွက် ပီတိလက်ဖက်ရည်ဆိုင်ရှေ့ လမ်းမပေါ်မှာ မနေ့ နေ့လည် ၃ နာရီဝန်းကျင်မှာ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

“ကားမောင်းလာတဲ့ မိန်းကလေးက ကိုယ်ဝန်‌သည်လို့‌ ပြောတယ်။ သူတို့နှစ်ယောက်လည်း ပစ္စတိုသေနတ်တွေပါတယ်။ အဲဒီမိန်းကလေးနှစ်ယောက် ကားရပ်ပြီး နောက်ကနေလိုက်လာတဲ့ ကားက သူတို့ကားရှေ့မာလာရပ်တဲ့အချိန် ပစ်လိုက်တယ်။ ဒါပေမယ့် အရှေ့ကနေပိတ်ပြီး ပစ်တာလားတော့မသိဘူး။ ပြီးမှ သူတို့အချင်းချင်းပစ်နေကြတာ။ မိန်းကလေးဘက်က အရင်ပစ်တယ်လို့ ပြောကြတာပဲ”

အဆိုပါ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းကိုတော့ ပြည်သူ့စစ်အဖွဲ့တွေက ရောက်လာပြီး သယ်ဆောင်သွားခဲ့ကြလို့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

“စီးပွားရေးသမားတွေ အချင်းချင်းအဆင်မပြေဖြစ်ပြီးပစ်ကြတာဖြစ်ဖို့များတယ်။ သူတို့အချင်းချင်းပစ်ခတ်ပြီး ခဏအကြာမှာ ပြည်သူ့စစ်တွေ အများကြီးရောက်လာပြီး သူတို့နှစ်ယောက်ကိုသယ်သွားတယ်။ ကြားတာတော့ အဲဒီအမျိုးသမီးနှစ်ဦးက ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်လို့ ကြားထားတာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာလည်း မြို့မပြည်သူ့စစ်အဖွဲ့ (၃) တပ်ဖွဲ့ဝင် တစ်ဦးက ကားနဲ့ သွားလာနေစဉ် ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။