ဓာတ်ပုံ – ပြည်သူ့ မီဒီယာ

ပို့လဘား၊ မေလ ၂၄ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ပြီးခဲ့တဲ့မေလ ၂၁ ရက်နေ့မှာ အမည်မသိအမျိုးသား ၅ ဦးက ဓားပြတိုက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဓားပြတိုက်သွားတဲ့ အမျိုးသား ၅ ထဲက ၂ ဦးကိုတော့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်က ဖမ်းဆီးခဲ့မိပြီး ၃ ဦးက ထွက်ပြေးလွတ်မြောက်‌နေဆဲဖြစ်တယ်လို့‌ မူဆယ်မြို့ခံအမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက “၂ ယောက်တော့ ဖမ်းမိတယ်။ သူတို့ ဓားပြတိုက်ပြီး နောက်တစ်ရက်မှာ ဖမ်းမိတာ။ သူတို့ယူသွားတဲ့ ရွှေတချို့ ပြန်ရတယ်။ သူတို့နှစ်‌ယောက်ရဲ့ ပစ္စတိုသေနတ်နဲ့လည်း ယူထားတယ်။ သူတို့က ပြည်သူ့စစ်လို့ပြောကြတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့အမျိုးသား၂ ဦးထံ အမှတ်၁၄ စစ်ဆင်ရေးကွပ်ကဲစစ်ဌာနချုပ် လက်အောက်က ထုတ်ပေးထားတဲ့ကတ်ပြား၊ ပစ္စတိုတစ်လက်နဲ့ ရွှေ တချို့ကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်ကလည်း မူဆယ်မြို့မှာ ကင်းစောင့်နေတဲ့ ရဲတပ်သားတစ်ဦးကို အမျိုးသားတစ်ဦးက ၎င်းရဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေတွေ လုယက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်‌ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းဟာ အရင်ကထက် ပိုများလာပြီး နေ့စဉ်လိုလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေ‌ပေမဲ့ တရားခံတွေကို ဖမ်းဆီးနိုင်တာ မရှိသလို အမှုတိုင်းမှာလည်း အများစုက လက်နက်ကိုင်ဆောင်ထားကြသူတွေ ဖြစ်နေတယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။