ဓာတ်ပုံ – CJ

ပို့လဘား၊ မတ်လ ၇ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ လမ်းမပေါ်မှာ သေနတ်ကိုင်ထားတဲ့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ဖုန်းလုယက်မှု ဖြစ်ပွားခဲ့တယ်လို့ မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၇ ရက် မနက် ၇ နာရီဝန်းကျင်မှာ မူဆယ်မြို့ တော်ရွက်ရပ်ကွက်မှာ မောင်နှမဖြစ်သူ နှစ်ယောက်က အလုပ်ကနေ ပြန်လာနေစဉ် ဆိုင်ကယ်နဲ့ ဖုန်း လုခံခဲ့ရတာ ဖြစ်ပါတယ်။

“ဒီမနက် သူ့မောင်လေးက သူ့အမလုပ်တဲ့ ရုံးမှာ သွားကြိုတာပေါ့။ ယောကျာ်းလေးနှစ်ယောက်က သေနတ်ထောက်ပြီး သူတို့မောင်နှမ နှစ်ယောက်ဆီ ဆိုင်ကယ်နဲ့ ဖုန်းယူသွားတယ်။ သူတို့နှစ်ယောက်အော်လို့ လူလာကြည့်တော့ သူတို့နှစ်ယောက်ထွက်ပြေးသွားတယ်။ ဆိုင်ကယ်နဲ့ ဖုန်းတော့ပါသွားတယ်။ နောက်ကနေ လိုက်သေးတယ်။ မမှီလိုက်ဘူး”

မူဆယ်မြို့ တရားဥပဒေစိုးမိုးရေး အားနည်းနေတာကြောင့် လုယက်မှု ဖြစ်ပွားတာဟာ ကိစ္စအသေးအမွှားလောက်ပဲရှိတယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မူဆယ်မြို့ ပြည်ထောင်စုလမ်းမပေါ်ရှိ ရွှေရာစု ဟိုတယ်အရှေ့ လူမြင်ကွင်း လမ်းမပေါ်မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မူဆယ်မြို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းတွေ ပိုများလာတာဖြစ်ပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတဲ့ မြို့လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။