ဓာတ်ပုံ- Local

ယာရူစိင်၊ မတ်လ ၁၁ ရက်၊ တာချီလိတ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦးကို အမျိုးသား ၂ ဦးက နေအိမ်အထိ လာရောက်ပြီး ပြန်ပေးဆွဲသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်း‌သိရှိရပါတယ်။

မနေ့ မတ်လ ၁၀ ရက် ည ၉ နာရီဝန်းကျင်အချိန်မှာ Crown ကားအဖြူရောင် မောင်းတဲ့ အမျိုးသား ၂ ဦးဟာ တာချီလိတ်မြို့နယ် မယ်ယန်းရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဒေါ်နန်းစံရှဲန်ရဲ့ နေအိမ်အထိ လာရောက်ကာ ပြန်ပေးဆွဲခဲ့တာလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကားကို အမြန်မောင်းတာတော့ တွေ့တယ်ပေါ့။ ပြီးတော့မှ ပြန်ပေးဆွဲသွားတာ သိရတယ်။ ဘာကြောင့် ပြန်ပေးဆွဲခံရလဲတော့ မသိဘူး။ ပြန်ပေးဆွဲတာကျ တာချီလိတ်မှာက မကြာခဏ ဖြစ်တတ်တယ်။ ပြန်ပေးဆွဲခံရတဲ့သူရဲ့ သတင်းလည်း ဘာမှမကြားရဘူး ပျောက်သွားတယ်။ မသိရင် ဘာအမှုမှ မရှိသလိုဘဲ”

တာချီလိတ်မြို့မှာ တရားဥပဒေ စိုးမိုးရေး အားနည်းနေတာကြောင့် ပြန်ပေးဆွဲမှု ဖြစ်ပွားနေတာဟာ ကိစ္စအသေးအမွှားသာ ဖြစ်နေတယ်လို့ အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

နောက်ထပ် မြေပြင်အခြေအနေ သိရှိသူ တစ်ဦးက “တာချီလိတ်မှာ တရားဥပဒေလုပ်ဆောင်ချက်ဆိုတာ မရှိတော့သလိုဘဲ။ ဘာအမှုဘဲဖြစ်ဖြစ် အဲအမှုရဲ့ နောက်ဆက်တွဲကိုလည်း မသိရတော့ဘူး။ ဒီအတိုင်းလေး ဘာမှမဖြစ်ခဲ့သလိုမျိုးပေါ့။ လုယက်မှု ဓားပြတိုက်မှုအပြင် ပြန်ပေးဆွဲမှုတွေလဲ ဖြစ်နေကြဘဲလေ။ ဘာအမှုမှ ပေါ်ခဲ့တာမှ မဟုတ်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ မတ်လ ၁၀ ရက် တစ်ရက်အတွင်း ပြန်ပေးဆွဲမှုအပြင် လုယက်မှုလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းအရှေ့ ကျိုင်းတုံနဲ့ တာချီလိတ်မြို့မှာ တစ်ပတ်အတွင်း လုယက်မှု၊ ခိုးမှုနဲ့ ပြန်ပေးဆွဲမှု ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။