ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ မတ်လ ၃၁ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု မန်စန်းရွာမှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မီးလောင်ခဲ့တာဖြစ်ပြီး အဲဒီမီးလောင်မှုမှာ လူထိခိုက်တာတော့ မရှိဘူးလို့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “ဒီနေ့ မနက်ပိုင်းမှာ ဖြစ်တာ။ ဝန်းတစ်ခုထဲကိုမှ နေအိမ်တစ်လုံးနဲ့ သူတို့ ကောက်ရိုးထားတဲ့ အိမ်တစ်ခုက သူတို့ စက်တွေဘာတွေ ထားတာ။ အဲနှစ်လုံး မီးလောင်သွားတာ။ အဲမှာ အိမ်တိုင်းအိမ်တိုင်းက အဲလိုမျိုးအိမ် ရှိကြတယ်” လို့ ပြောပါတယ်။

အဲဒီမီးလောင်မှုမှာ ဒေသခံတွေကပဲ ဝိုင်းဝန်းကာ မီးငြိမ်းသတ်ပေးခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးတွေကိုတော့ မသိရသေးဘူးလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်မှာ နမ့်ခမ်းမြို့နယ် ဖပြန်(ဖဖဲန်)ရွာမှာလည်း ဘတ္ထရီအိုးပေါက်လို့ နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့သလို မတ်လ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ်က သီလရှင်ကျောင်းတစ်ကျောင်း မီးလောင်ခဲ့ပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ မတ်လ တစ်လအတွင်း မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။