ဓာတ်ပုံ – CJ

ယာရူစိင်၊ မတ်လ ၁ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာဘက်လာတဲ့ ကားသမားနှစ်ဦး ရက် ၂၀ ကြာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်‌က ရွှေဖီမြေကို ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် ဦးခင်မောင်ဝင်းနဲ့ ၂၆ နှစ်အရွယ် ကားသမား သက်နိုင်ထွန်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က အလုပ်တွဲလုပ်ဖို့အတွက် ခက်ချန်ရွာကနေ သုံးဆယ်ရွာဘက် လူ သွားခေါ်ရာကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီ‌ကျော်မှာ အဆက်အသွယ် ရခဲ့ပေမဲ့ ‌ဖေဖော်ဝါရီ ၁၅ ရက် နောက်ပိုင်းကစပြီး ဒီနေ့ မတ်လ ၁ ရက်အထိ အဆက်အသွယ် ပြတ်တောက်ခဲ့တာပဲ ဖြစ်ပါတယ်။

မိသားစုဝင်တစ်ဦးက “၁၄ ရက်နေ့ နောင်ချိုကို ရောက်ပြီဖြစ်ကြောင်း ဖုန်းရပါတယ်။ အဲနောက် အခုထိ ဘာအဆက်အသွယ်မှ မရတော့တာပါ။ လူသွားခေါ်တဲ့ သုံးဆယ်ရွာကိုလည်း မရောက်ပါဘူး။ လမ်းမှာ ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာ မသိရတာမို့ပါ။ တိုက်ပွဲကြား ထိခိုက်ပျက်စီးမှုထဲလဲ မတွေ့ရတော့ ပူပန်နေရလို့ပါ” လို့ ပြောပါတယ်။

လက်ရှိမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအရှုပ်အထွေးကြောင့် ဦးခင်မောင်ဝင်းနဲ့ သက်နိုင်ထွန်းတို့ကို တွေ့ရှိသူတွေအနေနဲ့ မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။