ဓာတ်ပုံ – Local

လွေးထွေး၊ ဧပြီ ၂၇ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေက တိုင်းရင်းသားလက်နက်ကိုင်တွေကို အခွန်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဖြစ်စဉ်ကိုသိရှိသူ ကားသမားတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် ဝန်းကျင်ကစပြီး မနေ့ ဧပြီ ၂၆ ရက်အထိ ၎င်းဂိတ်မှာ စစ်ဆေးမှုပြုလုပ်နေကြတဲ့ တပ်သားတွေက ကားပေါ်က အခွန်စာရွက်တွေ ရှာဖွေကြည့်တဲ့အချိန် တအာင်းတပ် TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ကို အခွန်ဆောင်ထားတဲ့ စာရွက်တွေ့ခဲ့တာကြောင့် အကြမ်းဖက်အားပေးထောက်ခံမှုနဲ့ ကားသမားရော ကားကိုပါ ၃ ည ပြင်ဦးလွင်မှာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကိုသိရသူ ကားသမားတစ်ဦးက “အဲကားသမားကိုဖမ်းတာက တောအဖွဲ့တွေကို ငွေပေးလို့တဲ့။ သေချာတာတစ်ခုက ကျနော်တို့ကားသမားတွေက ဘယ်အဖွဲ့ကိုမဆို ငွေတောင်းရင် ပေးရမှာဘဲလေ။ အဲလိုမှမဟုတ်ရင် သွားဖို့လာဖို့ကမှ မလွယ်တာ။ ဒါကတော့ရှင်းရှင်းလေးဘဲ။ အခုဖမ်းနေတာကလည်း စစ်တပ်တွေက တမင်ငွေညစ်ချင်လို့ပါဘဲ။ ရိုက်နှက်တာတော့မရှိဘူး။ ဒီတိုင်းဘဲ ညှိပြီးမှ ပြန်လွှတ်လာပြီ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် နောင်ချိုနဲ့ မန္တလေးကြားမှာ စစ်ကောင်စီက ဂိတ် ၈ ခု ထက်မနည်း ဖွင့်ထားပြီး နေရာတချို့မှာ စစ်ဆေးတင်းကြပ်နေသလို ငွေ ၃ သိန်းအထိ တောင်းခံနေတာလည်း ရှိနေတာကြောင့် ကားသမားတွေ အခက်ကြုံနေကြရပါတယ်။

နောက်ထပ် ကားသမားတစ်ဦးက “ငွေလမ်းခင်းပြီးသွားနေရတာပါ။ ကျနော်တို့ စားဝတ်နေရေးတွေအတွက်ပေါ့။ လမ်းမှာလည်း ဗမာစစ်သားတွေက မထင်ရင်မထင်သလို စစ်တာ၊ ဖမ်းတာတွေရှိတော့ အသက်ရင်းပြီး ကားမောင်းနေရတယ်။ စစ်ဆေးဖမ်းဆီးတာ မရှိဘဲ အရင်လိုဘဲ ချောချောမွေ့မွေ့ ပြန်သွားလာချင်ပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရှိတဲ့ မန္တလေးနဲ့ နောင်ချိုကြားက ဖြတ်သန်းသွားလာတဲ့ လူထုတွေ မကြာခန ပျောက်ဆုံးနေပြီး ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကားသမား ၄ ဦးနဲ့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦး ပျောက်ဆုံးခဲ့ဖူးပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က လားရှိုးမြို့သို့ စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်လာပြီးနောက် ၂၃ ရက်ကစပြီး လားရှိုး-သိန္နီအထွက် လုံခြုံရေးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားလာတဲ့ ကုန်ကားနဲ့ အိမ်စီးကားတွေကို ငွေကျပ် ၃ သောင်းကနေ ၁၀ သိန်းအထိ တောင်းခံခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။