ရွှေဖီမြေ၊ ဧပြီ ၂၀ ရက်၊ လားရှိုး
ဒီနေ့ ဧပြီ ၂၀ ရက် လားရှိုးမြို့တွင်းထဲ လူအသွားအလာ နည်းပါးနေပြီး ဆိုင်တချို့လည်း ပိတ်ထားကြတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
တရုတ် အထူးကိုယ်စားလှယ် တိန်ရှီကျွင်းကိုယ်တိုင် ဦးဆောင်ပြီး ဆင် ၂ ကောင် ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ပြောဆိုပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
“မြို့ထဲမှာ ဘာစစ်သားမှ မတွေ့ဘူး။ ကိုးကန့်ရော စကစကော။ လမ်းမှာ လူတွေလည်း တော်တော် ပါးသွားကြတယ်။ ဘယ်လို ဖြစ်မလဲတော့ မသိဘူး။ အကုန်လုံး ၂၁ ရက် ၂၂ ရက်နေ့အထိ စောင့်နေကြတာ”
စစ်ကောင်စီ ကိုယ်စားလှယ်တွေဟာ လူဝင်မှု ကြီးကြပ်ရေး (လဝက)သို့ ရောက်ရှိနေပြီး တရုတ် ကိုယ်စားလှယ်တွေကတော့ ဆင် ၂ ကောင် ဟိုတယ်မှာ ရောက်ရှိနေတာလို့ ဆိုပါတယ်။
ဆွေးနွေးပွဲရဲ့ လုံခြုံရေးအတွက် လက်ရှိ လားရှိုးမြို့ အဝင်အထွက်ကို ပိတ်ထားပြီး ဘယ်အချိန် ပြန်ဖွင့်မလဲဆိုတော့ မသိရသေးပါဘူး။