မိုင်းအရှိုင်း၊ ဇူလိုင် ၁၆ ရက်၊ နောင်ချို

စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီး ပြန်လည်ဝင်ရောက်လာနေတဲ့ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တာကြောင့် လုံခြုံရေးသတိရှိဖို့ကို TNLA က ဒီနေ့ ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါ၊ မိုးကုတ် စတဲ့မြို့တွေကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ သတိရှိရှိ နေကြဖို့ကို TNLA က တိုက်တွန်းထားတာဖြစ်ပါတယ်။

နောင်ချိုကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မေလကနေ ဇူလိုင်လ ၁၅ ရက်အထိ (၃ လ နီးပါး) အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု (၁၀၆) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၁၆၂) ကြိမ်၊ အဆိပ်ငွေ့ဗုံး (၁၈၆) ကြိမ်၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၄,၆၉၂) ကြိမ် ပြုလုပ်ခဲ့တ​ယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုးကုတ် စတဲ့မြို့တွေကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေ ဒီနေ့ ဇူလိုင်လ ၁၆ ရက်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ကလေးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

နောင်ချိုကို အင်းအားထောင်ချီ၊ လက်နက်မျိုးစုံနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲကို ရောက်ရှိလာပြီး စစ်ကောင်စီတပ်တွေ မြို့ထဲ ဝင်ရောက်လာတဲ့ ဒီနေ့ ဇူလိုင် ၁၆ ရက်မှာပဲ TNLA က အခုလို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။