ဓာတ်ပုံ – TNLA

မိုင်းရူပ၊ မတ်လ ၁၀ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနဲ့ သိန်းတစ်သောင်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်မှာ ကျောက်မဲ-မိုးကုတ် လမ်းမပေါ်မှာ PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က မီးသွေးတင်လာတဲ့ ကားတစ်စီးကို စစ်ဆေးရာမှာ ဆာလာအိတ်အဝါနဲ့ ထုတ်ထားတဲ့ မူးယစ်ဆေးဝါး အများအပြားကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မူးယစ်ဆေးဝါးတွေကို မီးသွေးအိတ်ကြားမှာ တင်လာတာ။ ရဲတွေက မသင်္ကာလို့ စစ်ဆေးကြည့်တော့ မူးယစ်ဆေးဝါးတွေ ဖြစ်နေတာ။ တန်ဖိုး သိန်းတစ်သောင်းကျော်လောက် ရှိမယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ယာမစိတ်ကြွဆေးပြား အထုပ်ကြီး (၁၁) ထုပ် (A တံဆိပ်)၊ အထုပ်ကြီး (၁၉၉)ထုပ် (၆၆၆ တံဆိပ်)၊ (Ice) မူးယစ်ဆေးဝါး (၂) ထုပ်၊ (K) ထုပ်ကြီး (၁) ထုပ်၊ (RC) တံဆိပ်ပါ မူးယစ်ဆေးဝါး (၃) ထုပ်၊ EriMin 5 (10) ကဒ်နဲ့ FriMin 5 (10) ကဒ်တို့ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူ ဦးကျော်ဇင်ထက်၊ ဦးဟိန်းမင်းလတ်၊ ဦးအေးကိုနဲ့ ဦးထက်ထက်အောင်တို့ကို TNLA က အရေးယူသွားမယ်လို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်နဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ဦးနဲ့ ရောင်းဝယ်သူ (၇) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၁,၉၂၃) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။