ဓာတ်ပုံ – TNLA

မိုင်းရူပ၊ မတ်လ ၁၀ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနဲ့ သိန်းတစ်သောင်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်မှာ ကျောက်မဲ-မိုးကုတ် လမ်းမပေါ်မှာ PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က မီးသွေးတင်လာတဲ့ ကားတစ်စီးကို စစ်ဆေးရာမှာ ဆာလာအိတ်အဝါနဲ့ ထုတ်ထားတဲ့ မူးယစ်ဆေးဝါး အများအပြားကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မူးယစ်ဆေးဝါးတွေကို မီးသွေးအိတ်ကြားမှာ တင်လာတာ။ ရဲတွေက မသင်္ကာလို့ စစ်ဆေးကြည့်တော့ မူးယစ်ဆေးဝါးတွေ ဖြစ်နေတာ။ တန်ဖိုး သိန်းတစ်သောင်းကျော်လောက် ရှိမယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ယာမစိတ်ကြွဆေးပြား အထုပ်ကြီး (၁၁) ထုပ် (A တံဆိပ်)၊ အထုပ်ကြီး (၁၉၉)ထုပ် (၆၆၆ တံဆိပ်)၊ (Ice) မူးယစ်ဆေးဝါး (၂) ထုပ်၊ (K) ထုပ်ကြီး (၁) ထုပ်၊ (RC) တံဆိပ်ပါ မူးယစ်ဆေးဝါး (၃) ထုပ်၊ EriMin 5 (10) ကဒ်နဲ့ FriMin 5 (10) ကဒ်တို့ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူ ဦးကျော်ဇင်ထက်၊ ဦးဟိန်းမင်းလတ်၊ ဦးအေးကိုနဲ့ ဦးထက်ထက်အောင်တို့ကို TNLA က အရေးယူသွားမယ်လို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်နဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ဦးနဲ့ ရောင်းဝယ်သူ (၇) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၁,၉၂၃) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။