ဓာတ်ပုံ- PSLF/TNLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၁ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၃၁ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA က ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

မူးယစ်‌ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး တချို့ကတော့ သက်ဆိုင်ရာ မိဘကိုယ်တိုင် သားတွေကို အကျင့်စာရိတ္တ ပြုပြင်ပေးဖို့ လာရောက် အပ်နှံပေးတာလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ မူးယစ်ဆေး သုံးစွဲသူတွေကို ၆ လကြာ အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ မိဘထံ ပြန်လည် အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ပထမအကြိမ် အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရပြီး ၆ လ ပြစ်မှု ခံယူရပြီးတော့ ဒုတိယအကြိမ် ထပ်မံ သုံးစွဲတာရှိရင် ၃ နှစ်ကြာ အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ များပြီး TNLA ထိန်းချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူကို ထိရောက်စွာ အရေးယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တအာင်းတပ် ထိန်းချုပ်တဲ့ မြို့နယ်တချို့မှာတော့ ကျေးရွာပိုင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပြန်များလာပြီး တအာင်းတပ်ရဲ့ အရာရှိတချို့ကလည်း မူးယစ်ဆေးဝါး သုံးစွဲတာတွေ တွေ့လာရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကလည်း နမ့်ဆန်မြို့မှာ PSLF/TNLA ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါး သုံးစွဲသူ ၅၀ ဦးကို အကျင့်စာရိတ္တ ပြုပြင်ပြီး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။