ဓာတ်ပုံ – TNLA

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ နောင်ချို

တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA က ဆွေးနွေးပွဲ သွားနေချိန် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်‌ထားတဲ့ နယ်မြေကို လက်နက်ကြီးနဲ့ လေကြောင်း ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ TNLA က ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်းခမ်းရှိ စစ်ကောင်စီ ခမရ ၄၀၆၊ တပ်ရင်း ၃၅၄ နဲ့ တပ်ရင်း ၉၀၂ ကနေ နာဆွေ၊ အုမ္မတီး၊ ညောင်နီနဲ့ တောင်ရွှေရွာဘက် လက်နက်ကြီး ၁၃၇ လုံး ပစ်ခတ်ခဲ့တဲ့အပြင် နေ့လယ် ၂ နာရီခန့်မှာလည်း Y-12 လေယာဥ်နဲ့ နာဆွေရွာထဲ ဗုံး ၃၈ လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ဖို့ နောင်ချိုမြို့နယ်ရှိ ဒေသခံလူထုတွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးပါဘူး။

ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ PSLF/TNLA ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက် ကူမင်းမြို့မှာ တွေ့ဆုံကာ စတင် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။