ဓာတ်ပုံ- TNLA

မိုင်းရူပ၊ မတ်လ ၃၀ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး TNLA ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ TNLA က ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ ၎င်းတို့ကို ဦးဆောင်နေတဲ့ ဗိုလ်ကြီးအဆင့်ရှိသူက တိုက်ပွဲမှာ သေဆုံးသွားတာကြောင့် ဦးဆောင်သူ မရှိတော့လို့ TNLA ထံ လက်နက်နဲ့အတူ အညံ့ခံခဲ့တာလို့ ဆိုပါတယ်။

အလင်းဝင်လာသူ ၃ ဦးကို TNLA က စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်းထန်နေတဲ့ တောင်းခမ်း တိုက်ပွဲဟာ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် မနေ့ မတ်လ ၂၉ ရက်ကစပြီး မြေပြင်တိုက်ပွဲ ငြိမ်သက်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တောင်းခမ်းမှာ မနေ့ကတော့ တစ်နေကုန် တိုက်ပွဲတွေ ငြိမ်နေတယ်။ TNLA ဘက်ရော စစ်ကောင်စီဘက်ရော ထိုးလာတာ မရှိဘူး။ အုမ္မတီးဘက်မှာလည်း တိုက်ပွဲတွေ ငြိမ်နေတယ်”

တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေတာ ၆ လကျော်ကြာ ရှိနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီတပ်က TNLA ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲ အရင်ကထက် ပိုမိုပြင်းထန်လာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ နောင်ချိုမြို့နယ် မဲပုတ်ရွာအနီးက တိမ်ပင်လယ်အထိ ရောက်ရှိလာပြီး အုမ္မတီရွာမှာတော့ နှစ်ဖက်တပ်တွေ ရှိနေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး လက်ရှိမှာ အဲဒီတပ်စခန်းတွေကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။