ဓာတ်ပုံ – CJ

ပို့လဘား၊ ဖေဖော်ဝါရီ ၁၃ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက် သွားရောက် အလုပ် လုပ်ကိုင်သူထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ဝင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ ‌မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နယ်စပ်ဂိတ်ဖြစ်တဲ့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်မှာ အသက် ၃၅ နှစ်အောက်ရှိတဲ့ အမျိုးသားနဲ့ အသက် ၂၇ နှစ်အောက်ရှိတဲ့ အမျိုးသမီးဟာ စစ်တပ်ရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာ မခံရသေးဘူးဆိုတဲ့ ထောက်ခံစာ ပါမှသာ ဝင်ခွင့် ပြုတော့တာလို့ ဆိုပါတယ်။

“အခုဆိုရင် အဲဒီအသက် ၃၅ နှစ်အထက်နဲ့ အဲဒီ ၂၇ နှစ်အထက်ဆိုရင် ဘာမှမလိုဘူး။ အရင်ဆို တုံကင်နဲ့ ဝင်ရတယ်။ အခုဆို တုံကင်လဲ မလိုတော့ဘူး တန်းဝင်လိုက်ရုံပဲ။ အဲလို ကန့်သတ်တာကလည်း အောက်ပြည်က စစ်မှုထမ်းဖို့ ခေါ်နေကြတာ။ သူတို့စစ်မှုထမ်းဖို့ခေါ်တဲ့စာ မကျသေးကြောင်းကို သူတို့ရွာ ရပ်ကွက်လူကြီးက ထောက်ခံပေးရင်တော့ ဝင်လို့ရတယ်။ အဲဒီရွာလူကြီးရဲ့ ထောက်ခံစာ မပါရင်တော့ ဝင်မရတော့ဘူး”

တရုတ်ဘက် အလုပ်သွ ားလုပ်မယ့်သူတွေကို မြန်မာဘက်က နယ်စပ်ဂိတ်ကနေ ဖြတ်သန်းခွင့် ပြုပေမဲ့လည်း အလုပ် သွားလုပ်မယ့်သူအနေနဲ့ လုပ်ငန်းရှင်ရဲ့ အလုပ်ခေါ်စာ ပြနိုင်မှသာ တရုတ်ဘက်က ဖြတ်သန်းခွင့် ပြုတယ်လို့ ဆိုပါတယ်။

နယ်စပ်ဂိတ် ဝင်ထွက်ခွင့် ကန့်သတ်ထားခံရသူဟာ စမတ်ကတ်နဲ့ အစိမ်းရောင်ကတ် (တစ်ပတ်ကတ်)လို့ခေါ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်- TBP ကိုင်ဆောင်ထားသူ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာက သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ပြည်ထဲ အလုအယက် ဝင်ရောက်ကြတဲ့သူ‌တွေ ဖြစ်တယ်လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။