ဓာတ်ပုံ- Local

ပို့လဘား၊ ဇန်နဝါရီ ၁၈ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က ရပ်ကွက်တချို့မှာ သူခိုးတွေ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ် အာဏာမသိမ်းခင်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များတဲ့ လားရှိုး ရပ်ကွက်(၅)မှာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရှောင်သွားကြတဲ့ ဒေသခံရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေကြတာလို့ ဆိုပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၅ မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက “မနေ့ညလည်း အစ်ကိုရဲ့အိမ်ကို‌ ဖောက်ပြီး ခိုးတယ်။ ရေမော်တာတွေ ခိုးသွားတယ်။ ထင်းတွေလည်း ခိုးတယ်။ ရောင်းလို့ရတဲ့ဟာတွေဆို သူတို့ အကုန်ခိုးသွားတယ်။ မီးကြိုးနဲ့ မီတာဘောက်အတွင်းထဲက ပစ္စည်းတွေလည်း အကုန်ဖြုတ်ပြီး ခိုးသွားတယ်။ နေ့ဘက်သွားစောင့်လည်း ညဘက်ဆို သွားမကြည့်ပေးနိုင်ဘူး” လို့ ပြောပါတယ်။

MNDAA ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအ‌ရေးယူတာ ပြုလုပ်နေပေမဲ့လည်း လက်ရှိအချိန်ထိ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ဆက်ရှိနေသေးတယ်လို့ သူမက ဆက်ပြောပါတယ်။

“သူခိုးကတော့ ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီဘက် (MNDAA)ကလည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်” ဆိုပြီး လားရှိုးပြန်လည်ထူထောင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၃၀ ရက်ကလည်း လားရှိုးမြို့မှာ အုပ်စုလိုက် နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းခိုးယူနေသူ အယောက် ၃၀ ဦးကို MNDAA က ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် လားရှိုးမြို့မှာ ၂၀၂၄ ဒီဇင်ဘာ ၁၄ ရက်မှာ MNDAA က စစ်ကောင်စီရဲ့ သတင်းပေးနဲ့ သူခိုးတွေကို ဖမ်းဆီးဖို့ ရပ်ကွက်လုံခြုံရေး ဖွဲ့စည်းခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။