အင်းငယ်၊ မတ်လ ၁၄ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးညှင်းက အကျဉ်းထောင် ၂ ခုမှာ နှစ်ရှည်အကျဉ်းကျနေတဲ့ ရဲ၊ စစ်ကောင်စီတပ်သားတွေကို လက်ရှိမှာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ အကျဉ်းဦးစီးဌာနဝန်ထမ်းနဲ့ ထောင်အာဏာပိုင်တွေက ပြောဆိုစည်းရုံးနေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တာဝန် ပြန်လည် ထမ်းဆောင်မယ့်သူတွေကို ကွင်းလုံးကျွတ် လွတ်ငြိမ်းခွင့် ပေးမယ့်အပြင် မူလရာထူး အဆောင်အယောင်တွေအတိုင်း ပြန်လည် ချီးမြှင့်မယ်လို့ မက်လုံးပေး စည်းရုံးထားတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်- PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့ ထုတ်ပြန်ထားတဲ့ ထောင် ၂ ခုမှာတော့ ဒီလိုအခြေအနေတွေ ဖြစ်နေတယ်ဆိုတာ ပြောလို့ရပါတယ်။ ကျန်တဲ့ထောင်တွေ အသေးစိတ် သိရှိဖို့ကတော့ ခဲယဉ်းတဲ့အတွက် မပြောလိုပါဘူး။ ဒီအခြေနေမှာလည်း ကျနော်တို့က အချက်အလက်အပေါ် အခြေပြုပြီး ပြောတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ရရှိထားတဲ့ အခြေအနေ အချက်အလက်ပေါ်မှာပဲ ပြောရခြင်း ဖြစ်ပါတယ်။ တခြားထောင်တွေကိုတော့ နောက်ထပ် ထုတ်ပြန်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နှစ်ရှည်ထောင်ဒဏ်ကျ အကျဉ်းသားတွေကို လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခိုင်းတာ၊ စစ်ကောင်စီတပ်သားနဲ့ ပူးတွဲ ခံစစ်အဖြစ် တာဝန်ချတာတွေ စေခိုင်းသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ဗန်းမော်မြို့အပါအဝင် အနီးတစ်ဝိုက်မှာ တိုက်ပွဲ ပြင်းထန်နေပြီး အကျဉ်းထောင်လည်း မကြာခင်မှာ တိုက်ခိုက်မှု ကြုံလာနိုင်တာကြောင့် စစ်ကောင်စီဘက်က ကြိုတင် ခုခံဖို့ အစီအစဉ် ရေးဆွဲနေတယ်လို့ သိရပါတယ်။

“နိုင်ကျဉ်းတွေတော့ မပါဘူးလို့ ကြားတယ်။ လက်ရှိအခြေအနေအရ နိုင်ကျဉ်းတွေကို လုံခြုံရေး စောင့်ခိုင်းဖို့ဆိုတာက သူတို့ စိတ်မချသေးဘူး၊ နည်းနည်းတွေးခေါ်နိုင်သေးတယ် ပြောရမှာပေါ့နော်။ သေနတ်ပေးပြီး နိုင်ကျဉ်းတွေ သုံးဖို့အထိတော့ သူတို့ မလုပ်ရဲသေးဘူးပေါ့နော်။ မဖြစ်မနေကျရင်တော့ သုံးကောင်းသုံးမှာပေါ့နော်။ လက်ရှိ အခြေအနေအရတော့ သူတို့ကို ပြန်ပစ်နိုင်မယ့်သူတွေကို သုံးနေတာမျိုး မတွေ့ရသေးပါဘူး” လို့ ကိုသိုက်ထွန်းဦးက သုံးသပ်ပါတယ်။

အလားတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးကာလတုန်းကလည်း လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ရဲအုပ်၊ ဗိုလ်အဆင့် ရှိသူတွေကို မူလရာထူး ပြန်ပေးပြီး တာဝန်ပြန်ထမ်းဆောင်ခိုင်းတာမျိုး ရှိခဲ့ဖူးပါတယ်။

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နိုင်တဲ့မြို့ရှိ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ လွတ်မြောက်လာပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေက အကျဉ်းထောင်မှာတော့ ဖိနှိပ်မှု ပိုခံလာရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။