ဓာတ်ပုံ – ပါရမီ လူမှုကူညီရေးအသင်း

ယာရူစိင်း၊ ဖေဖော်ဝါရီ ၁ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်အုပ်စုရှိ အောက်နမ့်ဟွယ်ရွာမှာ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပြီး အမျိုးသားနှစ်ဦးထဲက တစ်ဦးဟာ သေဆုံးသွားပြီးတော့ တစ်ဦးက ခြေတစ်ဖက် ကျိုးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဟာ ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၀၅ မိုင်ကနေ ဆိုင်ကယ် မောင်းနှင်လာတဲ့ အဲဒီအမျိုးသားနှစ်ဦးက နမ့်ဟွယ်ရွာလမ်းမကြီးဘေးမှာ ရပ်ထားတဲ့ လယ်ထွန်စက်ကို ဝင်တိုက်မိရာကနေ တမ်းမှောက်မှု ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက “သူတို့နှစ်ယောက်က အရှိန်နဲ့မောင်းလာ‌တော့ လယ်ထွန်စက်ကို တိုက်မိတာ‌ပေါ့။ ဆေးကုသစရိတ်အားလုံးကို အဲဒီ လယ်ထွန်စက်ပိုင်ရှင်က တာဝန်ယူပြီး ဆေးကုသပေးတယ်။ သေသွားတဲ့ ကလေးရဲ့ အသုဘကိုလည်း တာဝန်ယူပြီး ချပေးခဲ့တယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၅ နှစ်အရွယ် မောင်ဟန်လင်းထွန်းဆိုသူဖြစ်ပြီး ဦးခေါင်းမှာ ထိမှန်ထားတဲ့ ဒဏ်ရာက ပြင်းထန်တာကြောင့် ဆေးကုသမှု ခံယူနေရာကနေ မနေ့ ဇန်နဝါရီ ၃၁ ရက် မနက်အစောပိုင်းမှာ သေဆုံးသွားပါတယ်။

ဝမ်းဗိုက်မှာ ဒဏ်ရာအနည်းငယ်နဲ့ ခြေတစ်ဖက် ကျိုးသွားသူကတော့ အသက် ၂၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပြီး ဒဏ်ရာရသူကို ၁၀၅ မိုင်ရှိ ပါရမီလူမှုကူညီရေးအသင်းက သွားရောက် ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ နမ္မတူမြို့နယ် မန်စံရွာမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ကားနဲ့ စက်ဘီး တိုက်မိပြီး စက်ဘီးမောင်းတဲ့ အမျိုးသား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။