မိုင်းရူပ၊ ဧပြီ ၂၃ ရက်၊ လားရှိုး

မနေ့ ဧပြီ ၂၂ ရက်မှာ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်အုပ်ချုပ်ဖို့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော်ရှိပြီး စစ်အင်အား ၂ ထောင်ကျော် ရှိနိုင်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ လားရှိုးမြို့အဝင်မှာရှိတဲ့ ခြေလျင်တပ်ရင်း ၄၁ တပ်နဲ့ ထောက်ပို့တပ် ၆၂၆ မှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

“စစ်သားကြီးပဲ အင်အား ၂ ထောင်ကျော် ရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေ မပါသေးဘူး။ ၄၁ တပ်၊ ၆၂၆ တပ်တွေမှာ ထိုင်နေတယ်” လို့ လားရှိုးမြို့ရှိ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ဒီနေ့ ဧပြီ ၂၃ ရက်မှာ လားရှိုးမြို့တွင်းထဲ ကိုးကန့်တပ်ဖွဲ့ဝင်တွေ မတွေ့ရတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီထံ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးဖို့ တရုတ်နိုင်ငံရဲ့ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ ပို့ဆောင်ထားတယ်လို့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က မနေ့ ဧပြီ ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီး ၈ လကျော်အကြာမှာ စစ်ကောင်စီကို ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။