ရွှေဖီမြေ၊ ဇန်နဝါရီ ၁၁ ရက်၊ နမ္မတူ

တအာင်းတပ်မတော်- PSLF/TNLA တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတဲ့ နမ္မတူမြို့မှာ တအာင်းအလံ မလွှင့်ထူရင် ဒဏ်ငွေ ရိုက်ကာ အရေးယူမယ်ဆိုတာ မဟုတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မနက်ဖြန် ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်မယ့် ၆၂ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ ရပ်ကွက်တိုင်းက လူထုအားလုံး မိမိနေအိမ်မှာ တအာင်းအလံ လွှင့်ထူရမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

PSLF/TNLA ရဲ့ နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူး တားဒီဝမ်းက “ကျနော်တို့အနေနဲ့ အစည်းအဝေး ခေါ်တဲ့အချိန်မှာ အဲလို ပြောဆိုထားခြင်း မရှိပါဘူး။ နှုတ်နဲ့ဖြစ်စေ စာထုတ်တာဖြစ်စေ ရပ်ကွက်တိုင်း အိမ်တိုင်း အဲနေ့ (ဇန်နဝါရီ ၁၂ ရက်)မှာ တအာင်းအလံ ထောင်ရမယ်ဆိုပြီး မပြောထားပါဘူး။ မထောင်တဲ့သူကို ဒဏ်ငွေ ရိုက်မယ်ဆိုတာလည်း မဟုတ်ပါဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။

မြို့တွင်းရှိ လမ်းမကြီးတစ်လျှောက်မှာတော့ တအာင်းအလံကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စိုက်ထူမှာဖြစ်ပြီးတော့ လမ်းမကြီးဘေးရှိ နေအိမ်တွေအနေနဲ့ အဆင်ပြေရင် အလံ လွှင့်ထူစေချင်ကြောင်းသာ ပြောဆိုခဲ့ပြီး မဖြစ်မနေ လုပ်ရမယ်ဆိုပြီးတော့ အမိန့်ပေးတာတွေ မရှိကြောင်း သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရေးတစ်ဦးက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဖုန်းဆက်ပြောဆိုခဲ့တာဖြစ်ပြီး အလံ လွှင့်ထူခိုင်းတဲ့ကိစ္စ လူထုကြား ဝေဖန်မှု မြှင့်တက်လာပြီးနောက် ၈ ရက်နေ့နဲ့ ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေး ခေါ်ယူကာ အဆိုပါကိစ္စကို ထပ်မံ ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရပ်ကွက် ၈ နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက “အဲနေ့ကျရင် မဖြစ်မနေ အလံ ထောင်ရမယ်ဆိုပြီး အိမ်အထိ လာပြောသွားတာ။ မထောင်ရင် ဒဏ်ငွေ ငါးသောင်း ရိုက်မယ်တဲ့” ဆိုပြီး ပြောပါတယ်။

အလံ လွှင့်ထူခိုင်းတဲ့ကိစ္စ ပြောဆိုရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေမှူးတွေဟာ နားလည်မှုလွှဲပြီး ရပ်ကွက်နေ လူထုတွေဆီ မှားယွင်းတဲ့ သတင်းအချက်အလက် ပေးခဲ့တာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တအာင်းတပ်ရဲ့ အုပ်ချုပ်ရေး သက်ရောက်တဲ့ မန်စံမှာ နေထိုင်ကြတဲ့ လူထုတွေကိုလည်း တအာင်းအလံ မဖြစ်မနေ လွှင့်ထူဖို့ ပြောဆိုထားတာမရှိဘဲ တအာင်းတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ ရှိတဲ့နေရာမှာသာ လွှင့်ထူမှာဖြစ်တယ်လို့ ဆိုပါတယ်။

နမ္မတူမြို့ကို ၁ဝ၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရပ်ကွက် ၈ ရပ်ကွက်အဖြစ် ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။