မိုင်းအရှိုင်း၊ စက်တင်ဘာ ၂၅ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်မှာရှိတဲ့ တအာင်းရဲတပ်ဖွဲ့က စစ်ကောင်စီ လွှတ်လာတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးရမိထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အမည်မဖော်လိုတဲ့ သီပေါမြို့နယ်မှ တအာင်းရဲတာဝန်ခံတစ်ဦးက “တည်းခိုခန်း၊ ဟိုတယ်၊ ဘုန်းကြီးကျောင်း၊ မသင်္ကာတဲ့ နေရာတွေမှာ ကျနော်တို့ ရှောင်တခင် စစ်ဆေးတဲ့အချိန် ကင်းလှည့်စစ်ဆေးတဲ့အချိန် သူတို့ကို ဖမ်းဆီးရမိတာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်မဲမြို့မှာ အဓိက လှုပ်ရှားတာဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦးရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး ရဲတပ်ဖွဲ့ဝင်က ရွှေဖီမြေကို ပြောပါတယ်။

PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ကာ လားရှိုးမြို့ကနေ ကျောက်မဲ၊ သီပေါဘက် ထောက်လှမ်းဖို့တပ်ဖွဲ့ဝင် ရာနဲ့ချီ ပို့ဆောင်လာတာဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်က ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ထောက်လှမ်းရေးတပ်ဖွဲ့တွေဟာ ခရီးသွား၊ သူဌေး၊ ကားသမား၊ သူတောင်းစား ယောင်ဆောင်ကာ လမ်းလျှောက်လာတာအပြင် ဆိုင်ကယ်နဲ့ကား စီးပြီး ကျောက်မဲနဲ့သီပေါမြို့တွင်းထဲ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာကြတယ်လို့ တအာင်းတပ်ကလည်း ဒီနေ့ စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီထောက်လှမ်းရေးတွေက TNLA ရဲ့ စစ်အင်အား၊ လက်နက်ခဲယမ်း၊ လမ်းပန်းဆက်သွယ်ရေး ထောက်လှမ်းတာနဲ့ လေကြောင်းကနေ တိုက်ခိုက်ဖို့ ပစ်မှတ်ပေးတာ စတဲ့သတင်းအချက်အလက်တွေကို ထောက်လှမ်းကြတာလို့ ဆိုပါတယ်။

တအာင်းရဲတပ်ဖွဲ့က အဲဒီထောက်လှမ်းရေးတွေကို ဖမ်းဆီးနိုင်ဖို့ ဒေသခံတွေကိုပါ ၂၄ နာရီကြာ ခေါ်ယူစစ်ဆေးခဲ့ပြီး ခေါ်ယူစစ်ဆေးသူ ၃၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ သတင်းပေးလို့ ယူဆရသူတွေကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။