မိုင်းရူပ၊ ဧပြီ ၁ ရက်၊ မိုင်းလား

ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်း မိုင်းလား တပ်မတော်- NDAA က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပဖို့ စီစဥ်ထားပေမဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုဖြစ်ပွားပြီး လူထောင်နဲ့ချီ သေဆုံးခဲ့ရပြီးနောက် ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

သင်္ကြန်ပွဲတော်ဟာ ယဥ်ကျေးမှု အမွေအနှစ်ပွဲ ဖြစ်ပေမဲ့ ဒီကာလမှာ ငလျင်ဒဏ်သင့်တဲ့ လူထုတွေကို ကယ်ဆယ်ဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖို့ကိုသာ အာရုံစိုက်စေလိုတယ်လို့ NDAA က တိုက်တွန်းထားပါတယ်။

ကိုးကန့်တပ်မတော်- MNDAA ကလည်း အထူးဒေသ(၁)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ဖျက်သိမ်း ကြောင်း ထုတ်ပြန်ထားပါတယ်။

ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို ကူညီနိုင်ဖို့ အလှူခံတာတွေ ပြုလုပ်နေပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မနေ့ မတ်လ ၃၁ ရက်အထိ စစ်ကောင်စီရဲ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂,၀၅၆ ဦးနဲ့ ဒဏ်ရာရသူ ၃,၉၀၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၃၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။