ဓာတ်ပုံ – Thai PBS

မိုင်းရူပ၊ ဖေဖော်ဝါရီ ၅ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့အပါအဝင် ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ထိုင်း-မြန်မာနယ်စပ်က မြဝတီနဲ့ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်က မီးဖြတ်လိုက်ပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ထိုင်းနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အွန်လိုင်းက ငွေလိမ်လုပ်ငန်းကို နှိမ်နင်းဖို့ လျှပ်စစ်မီး ဖြတ်မယ်လို့ ထိုင်းနိုင်ငံ ဒုကာကွယ်ရေးဝန်ကြီးချုပ်က ပြောဆိုပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီကစပြီး ထိုင်းဘက်က လျှပ်စစ်မီးတွေ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

တာချီလိတ်မြို့မှာတော့ ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်ပြီးနောက်ပိုင်း လာအိုနိုင်ငံကပေးတဲ့ လျှပ်စစ်မီးကို အသုံးပြုနေတယ်လို့ တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ထိုင်းဘက်က မီးဖြတ်လိုက်ပြီ။ လာအိုမီး သုံးနေတာ။ မြဝတီ ဂယက်ကြောင့်ဖြစ်မှာ။ ထိုင်းက မြန်မာကိုပေးတာ မှန်သမျှ အကုန်ဖြတ်လိုက်တဲ့ သဘောပေါ့”

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ တရုတ်နိုင်ငံသား သရုပ်ဆောင်တွေ ပျောက်ဆုံးမှု ဖြစ်ပြီးနောက်ပိုင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းကို နှိမ်နင်းလာတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကနေ ဒီလ ဇန်နဝါရီ ၁၃ ရက်အထိ ရှမ်းမြောက် မူဆယ်၊ လောက်ကိုင်၊ ရှမ်းအရှေ့ တာချီလိတ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့အပါအဝင် တခြားနယ်စပ်ဒေသရှိ တရားမဝင် ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၅ သောင်းကျော်ကို သက်ဆိုင်ရာ နိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နဲ့ တခြားမဟာမိတ်အဖွဲ့ဟာ လုံခြုံရေး ပေးတာနဲ့ အထောက်အကူပြုတာတွေကို တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ ကရင်အမျိုးသားအစည်းအရုံး- KNU အပါအဝင် အဖွဲ့ ၅ ဖွဲ့ပါဝင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီအင်အားစုက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။