ရွှေဖီမြေ၊ ဧပြီ ၁ ရက်၊ နမ္မတူ

ငလျင်ဘေးဒဏ်သင့် လူထုတွေကို လူသားချင်း စာနာထောက်ထားမှုအနေနဲ့ တအာင်းဒေသတွင်း သင်္ကြန်ပွဲတော် ကျင်းပခွင့် မပြုတော့ကြောင်း တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဗဟိုအုပ်ချုပ်ရေးဌာနက ဒီနေ့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

တအာင်းတပ် ထိန်းချုပ်‌ထားတဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တွေမှာ သင်္ကြန်ပွဲတော် မပြုလုပ်ကြဖို့ အသိပေးထားတာပဲ ဖြစ်ပါတယ်။

သင်္ကြန်ပွဲတော်ကို ကျင်းပဖို့အတွက် စီစဉ်ထားပေမဲ့ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် လူထောင်ချီ သေဆုံးခဲ့သလို လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် လူသားချင်း စာနာတဲ့အတွက် သင်္ကြန်ပွဲတော် ကျင်းပမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

မိုင်းလားတပ်မတော်- NDAA ကလည်း အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ဖျက်သိမ်းလိုက်ပြီး ကိုးကန့်တပ်- MNDAA ကလည်း ကျင်းပမယ့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မနေ့ မတ်လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂,၀၅၆ ဦးနဲ့ ဒဏ်ရာရသူ ၃,၉၀၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၃၀၀ ရှိနေကြောင်း သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။