မိုင်းညီခြိူဝ်းဇာရ်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ နမ္မတူ

နမ္မတူမြို့နယ် မန်စံမိုင်းမုကျေးရွာအုပ်စုမှာ ပြောင်းဖူး စိုက်ပျိုးရေးကနေ ကြံစိုက်ပျိုးရေးလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာသူတချို့ဟာ ကြံသကာလုပ်ငန်းကနေ ဈေးကောင်း ရနေကြပါတယ်။

၂၀၂၀ ခုနှစ်ကစပြီး ကြံသကာအဖြစ် ထုတ်လုပ်ရောင်းချရာကနေ အရင်နှစ်ထက် အမြတ် ပိုရနေကြောင်း ကြံသကာ လုပ်ကိုင်နေသူ ဆမ်ခါကျေးရွာခံ ဒေါ်နန်းအေးမုန်းက ပြောပါတယ်။

“အရင်နှစ်က တစ်ပိဿာ လေးထောင် ရောင်းတယ်။ ဒီနှစ်က ခြောက်ထောင်အထိ ရောင်းရတယ်။ အမြတ်အားလုံးက သိန်းခြောက်ဆယ်နီးပါး ရတယ်”

ကြံစိုက်ပျိုးမှုဟာ ၄ နှစ်ကို တစ်ကြိမ်သာ စိုက်ရတဲ့လုပ်ငန်းဖြစ်ပြီး တခြားစိုက်ပျိုးရေးသီးနှံတွေလို နှစ်စဉ် စိုက်ပျိုးစရာ မလိုဘူးလို့ သိရပါတယ်။

ကြံစိုက်ပျိုးရေးကို ဓာတ်မြေဩဇာ မသုံးဘဲ သဘာဝ မြေဩဇာကိုသာ အဓိက အသုံးပြုတယ်လို့ နောင်းငင်းရွာခံ ဦးမြင့်ဦးက ပြောပါတယ်။

“ကြံစိုက်တဲ့အချိန်က ဓာတ်မြေဩဇာ မသုံးဘူး ဈေးကြီးလို့လေ။ တစ်ဧကကို ပိဿာချိန် သုံးထောင်ဝန်းကျင် ရတယ်။ ဒီနှစ်က ပိုရောင်းအားကောင်းတယ်။ ခြံအထိ လာဝယ်ယူကြတယ်”

ကြံ အများစုကို မူဆယ်မြို့နယ် နမ့်အွမ်ရွာရှိ သကြားစက်ရုံမှာ အဓိက တင်ပို့ကြပြီး တစ်တန်ကို တရုတ်ငွေ ယွမ် ၃ဝဝ (ကျပ် ၂ သိန်း) ရရှိပြီး တစ်နိုင်တစ်ပိုင် ကြံသကာ ထုတ်လုပ်ရင်တော့ ကျပ်ငွေ ၄ သိန်းကျော် ရနေပါတယ်။

မန်စံမိုင်းမုအုပ်စုထဲက နောင်ငင်း၊ မန်မောင်၊ ဆမ်ခါနဲ့ မိုင်းမုကျေးရွာမှ ဒေသခံတွေဟာ ကြံတွေ ပိုမိုစိုက်ပျိုးလာကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။