ဓာတ်ပုံ – SPM

သတင်းဓာတ်ပုံ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ နမ္မတူ

ကျောင်းဆရာဘဝကနေ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ တပ်သား စုဆောင်းတာ ခံရပြီး စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ခဲ့ရကာ ကျဆုံးသွားတဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေးမြင်ကွင်း ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် မိုင်းအိုက်လေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

တအာင်းပညာရေးအကယ်ဒမီ- TEA ကျောင်း ဆင်းထားတဲ့ မိုင်းအိုက်လေးဟာ ရှမ်းမြောက် နမ္မတူမြို့နယ် ပန်သပြေရွာမှာ တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလက TNLA တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်နေတဲ့ မိုင်းအိုက်လေးရဲ့ အစ်ကိုဖြစ်သူဟာ ကျန်းမာရေး မကောင်းလို့ ခွင့်ယူထားချိန် အစ်ကိုဖြစ်သူအစား စစ်မှုထမ်း သွားခဲ့ရတာ ဖြစ်ပါတယ်။

လူမျိုးကို ချစ်လို့ အမျိုးသားရေးအတွက် စတိုက်ပွဲ ဝင်ခဲ့ပေမဲ့ စစ်သင်တန်း မပေးသေးဘဲ သားဖြစ်သူကို TNLA က ရှေ့တန်း ပို့လိုက်တာဟာ မဖြစ်သင့်ဘူးလို့ မိသားစုဝင်က ပြောဆိုကြပါတယ်။

မိုင်းအိုက်လေးဟာ ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုထဲ နေထိုင်သူ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။