ဓာတ်ပုံ- Local

ပို့လဘား၊ ဩဂုတ် ၁၈ ရက်၊ လားရှိုး

စစ်တပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာရှိတဲ့ မြို့မဈေးနဲ့ပန်းခြံအတွင်း ဈေးရောင်းနေသူတွေကို စည်ပင်က ငွေ အဆမတန် ကောက်နေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ ပန်းခြံထဲ ဈေးရောင်းနေတဲ့ အထည်ဆိုင်၊ ကုန်စိမ်းသည် စတဲ့ဆိုင်အမျိုးအစားအပေါ် မူတည်ပြီး စည်ပင်က ဈေးသည်တွေဆီကနေ တစ်ရက်ကို ငွေ ၁ သောင်းခွဲကနေ ၂ သောင်းခွဲအထိ ကောက်နေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဲဟာ တစ်ရက်ကြေးလို့ပဲ ပြောတယ်။ တစ်လဆို ၁ သိန်း ၂ ‌သိန်း ကောက်တယ်။ နောက်ပြီး ကုန်စိမ်းသည်‌တွေဆီလည်း ကောက်တယ်။ တစ်ရက်ကို ၂ သောင်းခွဲ ကောက်တယ်။ သူတို့ကောက်တာလည်း တစ်ဆိုင်နဲ့တစ်ဆိုင် မတူကြဘူး။ ဆိုင် ရွေးကောက်ကြတယ်။ ရတဲ့အမြတ် သူ့တို့ဆီပဲ ပေးနေရတာ။ အဲလိုကောက်တော့ ဘာမှမကျန်ဘူးလေ”

လားရှိုးမြို့ကို ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ခဲ့တဲ့အချိန်မှာ ‌မြို့မ‌နဲ့ ပန်းခြံအတွင်း ဈေးရောင်းသူတွေဆီကနေ ငွေကောက်တာ မရှိခဲ့ဘူးလို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

“ကိုးကန့် ထိန်းချုပ်တဲ့ ၈ လအတွင်းမှာ အဲလိုမျိုးကောက်တာ မရှိဘူး။ စည်ပင်ဆိုရင် အမှိုက် သန့်ရှင်းရေးအခွန်ပဲ ကောက်တယ်။ ပိုက်ဆံ ၅ဝဝ ကနေ ၁ ထောင်ပဲ။ အလွန်ဆုံးက ၁,၅၀၀ ပဲ ကောက်တယ်။ အစကတည်းက အဲလိုကောက်မှန်းသိရင် သူများတွေ ဈေးမရောင်းဘူး။ အဲလောက် ပေးရမှန်းလည်း ဘယ်သူမှမသိကြဘူး”

ဒါ့အပြင် လားရှိုးမြို့မှာ ထောက်ခံစာတစ်စောင်ရဖို့ လားရှိုးမြို့မရဲစခန်းမှူး ဦးညိုဝင်းကိုယ်တိုင်က ရဲထောက်ခံစာတစ်စောင်ကို အမျိုးအစားအလိုက် လက်မှတ်ထိုးခအနေနဲ့ ငွေ ၁ သိန်းကနေ ၅ သိန်းအထိ သတ်မှတ်ထားတာလည်း ရှိပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။