မိုင်းရူပ၊ မတ်လ ၂၂ ရက်၊ နောင်ချို

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေယာဥ်နဲ့ ဟောင်ဝစ်ဇာအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၂၂ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ နောင်ချိုမြို့ တောင်ရပ်ကွက်ကို Y-12 လေယာဥ်အသုံးပြုပြီး တိုက်ခိုက်ခဲ့သလို ၁၁ နာရီ ၄၅ မိနစ်မှာ ဟောင်ဝစ်ဇာ လက်နက်ကြီးအသုံးပြုပြီး နောင်ချိုမြို့ပေါ်ကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးကြောင့် လူထိခိုက်သေဆုံးမှုမရှိဘဲ အုတ်တံတိုင်းအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

” Y- 12 နဲ့ ဗုံး ၂ လုံး လာကြဲတာ။ ပြီးတော့ လက်နက်ကြီးနဲ့လည်း ပစ်လာတယ်။ လူထိတာတော့ မရှိဘူး။ အုတ်တံတိုင်း နည်းနည်းပဲ ပျက်တာ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့တစ်ရက်တည်းမှာပင် နောင်ချိုမြို့နယ် အုမ္မခါးရွာထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး ၄ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နောင်ချို့မြို့ကို TNLA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေပြီး ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် ညနေပိုင်းမှာ နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်တွေအပါအဝင် သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနဲ့ အုမ္မတီးကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။