ရွှေဖီမြေ၊ စက်တင်ဘာ ၆ ရက်၊ ကျောက်မဲ
ဒီနေ့ စက်တင်ဘာ ၆ရက် ညနေ ၆နာရီမထိုးခင်မှာ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ကြဲတာက ရပ်ကွက်(၇)မြောက်ကုန်းဘက်မှာလို့ ကြားတယ်။ လူထိခိုက်မှုကတော့ မသိရသေးဘူး။ လူတွေကတော့ ညဘက်ဆို ဘယ်သူမှ မရှိဘူး။ အခု လူထိလားမထိဘူးလား မသိရဘူး”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ကျောက်မဲမြို့ထဲကို ပြီးခဲ့တဲ့ ဩဂုတ် ၂၅ရက်နေ့ မှာ နောက်ဆုံးဗုံးကြဲခဲ့တာဖြစ်ပြီး အခု ထပ်မဲဗုံးကြဲသွားခဲ့တာ ဖြစ်ပါတယ်။
နောင်ပိန်မှာလည်း စစ်ကောင်စီတပ်နဲ့TNLA တပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အဲမှာတော့ နေ့စဉ်လိုလို စစ်ကောင်စီတပ်ဘက်က ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။