ဓာတ်ပုံ- SHNH

မိုင်းရူပ၊ ဧပြီ ၂၀ ရက်၊ လားရှိုး

စစ်ကောင်စီ ပြန်အုပ်ချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီ၊ ကိုးကန့်တပ်နဲ့ တရုတ်ကိုယ်စားလှယ်တို့ ဆွေးနွေးနေပြီး မြို့အဝင်အထွက်လမ်းကို ယာယီ ပိတ်ထားတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက် မနက်ကစပြီး ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီ၊ ကိုးကန့်တပ်နဲ့ တရုတ်ကိုယ်စားလှယ်တို့ ဆွေးနွေးနေပြီး မြို့အဝင်အထွက်လမ်း ယာယီ ပိတ်ထားပြီးတော့ ဒီနေ့ညနေပိုင်း ၆ နာရီမှာ လမ်းပြန်ဖွင့်မယ်လို့ သိထားရကြောင်း လားရှိုးမြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စကစတွေ ဆင်နှစ်ကောင် ဟိုတယ်မှာ ရောက်နေလို့ အစည်းအဝေး ထိုင်နေကြလို့ လမ်းပိတ်ထားတာ။ ညနေ ၆ နာရီမှ ဖွင့်မယ်တဲ့။ အစည်းအဝေးမှာ တရုတ်လည်း ပါတယ်”

လားရှိုးမြို့မှာ တရုတ်နိုင်ငံရဲ့ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ ရောက်ရှိနေပြီး ဆင်နှစ်ကောင် ဟိုတယ်မှာ ပြုလုပ်နေတဲ့ အစည်းအဝေးမှာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီကျွင်းကိုယ်တိုင် ဦးဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ ရွှေဖီမြေက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လာမယ့် ဧပြီ ၂၂ ရက်မှာလည်း လားရှိုးမှာ စစ်ကောင်စီ၊ ကိုးကန့်တပ်နဲ့ တရုတ်ကိုယ်စားလှယ်တို့အကြား ထပ်မံ တွေ့ဆုံဖို့ ရှိကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက် နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

လားရှိုးအရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ကိုးကန့်တပ်ဘက်ကပါ တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။